စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိဈေးများတွင် ယခုရက်သတ္တပတ်အတွင်း ရွှေဘိုပေါ်ဆန်း ဆန်(ဟောင်း)(တစ်အိတ်)လျှင် ၉၀၀၀၀ကျပ်၊ ရွှေဘိုပေါ်ဆန်း(သစ်)(တစ်အိတ်)လျှင် ၆၅၀၀၀ကျပ်၊ ဧရာမင်း(ဆန်)(ဟောင်း)(တစ်အိတ်)လျှင် ၆၅၀၀၀ကျပ်၊ဧရာမင်း(ဆန်)(သစ်)(တစ်အိတ်)လျှင် ၆၀၀၀၀ ကျပ်၊ ငစိန်ဆန်(ဟောင်း) (တစ်အိတ်) လျှင် ၄၅၀၀၀ ကျပ်၊ ငစိန်ဆန်(သစ်)(တစ်အိတ်) လျှင် ၃၇၀၀၀ ကျပ်၊ ပဲဆီ(တစ်ပိဿာ)လျှင် ၉၉၅၀-၁၀၀၀၀ ကျပ်၊ နှမ်းဆီ (တစ်ပိဿာ)လျှင် ၁၀၀၀၀ ကျပ်၊ နေကြာ ဆီ(တစ်ပိဿာ)လျှင်၁၂၀၀၀ကျပ်၊ စားအုန်းဆီ(တစ်ပိဿာ)လျှင်၆၁၀၀-၆၁၅၀ကျပ်၊ ဆား(တစ်ပိဿာ) လျှင် ၆၀၀-၇၀၀ ကျပ်၊ ငရုတ်ခြောက် (တစ်ပိဿာ) ၁၈၀၀၀ မှ ၁၉၀၀၀ ကျပ်၊ ကြက်သွန်နီ(အသစ်) (တစ်ပိဿာ) ၂၂၀၀ မှ ၂၆၀၀ ကျပ်၊ ကြက်သွန်ဖြူ(ရှမ်းစ) (တစ်ပိဿာ) ၃၂၀၀ မှ ၃၅၀၀ ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) (တစ်ပိဿာ) ၅၃၀၀ မှ ၅၅၀၀ ကျပ်၊ အားလူး(တစ်ပိဿာ) ၂၄၀၀ မှ၂၆၀၀ ကျပ်၊ မန်ကျည်းသီးမှည့် (တစ်ပိဿာ) လျှင် ၄၈၀၀-၅၀၀၀ ကျပ်၊ နနွင်းတက် (တစ်ပိဿာ) လျှင် ၅၂၀၀-၅၃၀၀ ကျပ်၊ ခရမ်းချဉ်သီး (တစ်ပိဿာ) ၂၀၀၀ကျပ်၊ ဂေါ်ဖီထုတ်(တစ်ထုတ်)၅၀၀ကျပ်၊ ပဲသီး (ပဲထောင့်ရှည်)(တစ်စီး) ၅၀၀ ကျပ်၊ ကြက်သား(တစ်ပိဿာ)လျှင် ၁၀၀၀၀-၁၂၀၀၀ ကျပ်၊ ဝက်သား (တစ်ပိဿာ)လျှင် ၁၅၀၀၀-၁၆၀၀၀ ကျပ်၊ အမဲသား(တစ်ပိဿာ)လျှင် ၁၆၀၀၀-၁၇၀၀၀ကျပ်၊ ဆိတ်သား (တစ်ပိဿာ)လျှင် ၂၄၀၀၀-၂၆၀၀၀ ကျပ်၊ ငါးမြစ်ချင်း (တစ်ပိဿာ)လျှင် ၇၅၀၀-၈၀၀၀ကျပ်၊ ကြက်ဥ (၁)လုံးလျှင် ၂၅၀ ကျပ်၊ ဘဲဥ (၁)လုံး လျှင် ၃၀၀ ကျပ်၊ ဖရဲသီး (ကျောက်စိမ်း) (၁)လုံးလျှင် ၁၀၀၀ မှ ၁၂၀၀ ကျပ်အတွင်း အသီသီး ဈေးရှိကြောင်းသိရသည်။
ယခင်ပတ်နှင့်နှိုင်းယှဉ်ပါက ဆန်ဈေးနှုန်းများ ဈေးအနည်းငယ်တက်နေပါကြောင်း၊ ဆန်ဈေးနှုန်းတက်ရခြင်းမှာ ဆန်(အဟောင်း)များ လက်ကျန်မရှိသလောက် နည်းပါးလာခြင်း၊ စပါးထွက် ပေါပြီး ယခုအချိန်သည် သိုလှောင်ထားရန် ရည်ရွယ်သူများက ဝယ်ယူသည့် အချိန်ဖြစ်ခြင်းကြောင့် စပါး/ဆန်ဈေးနှုန်းများ တက်ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ကြက်သွန်နီ(သစ်)ဈေးနှုန်းများ အရည်အသွေး ပေါ်မူတည်၍ ဈေးနှုန်းပြောင်းလဲမှုရှိပါသည်။ ယခုအချိန်တွင် စားအုန်းဆီရည်ညွှန်းဈေးပေါ်မူတည်၍ ဈေးနှုန်း အပြောင်းအလဲရှိပါကြောင်း ချင်းတွင်းရတနာဈေးရှိ လက်လီလက်ကားရောင်းဝယ်ဖောက်ကားရောင်းချနေသော ကုန်သည်များထံမှ သိရှိရသည်။
DOCA(စစ်ကိုင်း)