Main menu

ဒေသဆန်ဈေးနှုန်းမြှင့်တက်လျက်ရှိ

Powered by Drupal

        ကယားပြည်နယ်သည် ရွှေရင်အေးစပါး၊ ရွှေအစပါးနှင့် တရုတ်မွေးစပါးတို့ကို အဓိက စိုက်ပျိုးသောဒေသဖြစ်ပါသည်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလစတုတ္ထပတ်အတွင်း ဖြစ်ပေါ်နေသော ဒေသဆန်ဈေးနှုန်းများမှာ ရွှေရင်အေးဆန် တစ်ပြည်လျှင်(၃၄၀၀)ကျပ်၊ (၂၄)ပြည် တစ်အိတ်လျှင် (၈၀၀၀၀)ကျပ်၊ ရွှေအဆန် တစ်ပြည်လျှင်(၂၈၀၀)ကျပ်၊ (၂၄)ပြည်တစ်အိတ်လျှင်(၆၆၀၀၀)ကျပ်၊ တရုတ်မွှေးဆန် တစ်ပြည်လျှင်(၂၈၀၀)ကျပ်၊ (၂၄)ပြည် တစ်အိတ်လျှင်(၆၆၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခင်အပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ကြည့်လျှင် ရွှေရင်အေး ဆန်တစ်ပြည်လျှင်(၄၀၀)ကျပ်၊ (၂၄)ပြည်တစ်အိတ်လျှင်(၉၀၀၀)ကျပ်ခန့်၊ ရွှေအဆန်တစ်ပြည်လျှင်(၃၀၀)ကျပ်၊ (၂၄)ပြည်တစ်အိတ်လျှင်(၆၀၀၀)ကျပ်ခန့်နှင့် တရုတ်မွှေးဆန်တစ်ပြည်လျှင် (၂၀၀)ကျပ်၊ (၂၄)ပြည်တစ်အိတ်လျှင်(၆၀၀၀)ကျပ်ခန့် ဈေးနှုန်းမြှင့်တက်လာလျက်ရှိပါကြောင်း ဆန်အရောင်းဆိုင်များမှ သိရှိရပါသည်။

DOCA(ကယား)