Main menu

ပဲစင်းငုံစိုက်ပျိုးထွက်ရှိမှုနှင့် ဈေးနှုန်းအခြေအနေ

Powered by Drupal

       ကယားပြည်နယ်တွင် စပါး၊ ပြောင်း၊ နှမ်းတို့အပြင် ပဲစင်းငုံသီးနှံတို့ကိုလည်း စိုက်ပျိုးကြပါသည်။ ၂၀၂၂-၂၀၂၃ ခုနှစ် ပဲစင်းငုံစိုက်ဧကအနေဖြင့် လွိုင်ကော်ခရိုင်တွင်(၄၃၆၉)ဧကခန့်ဖြင့် ရိတ်သိမ်းမှုမရှိသေးပါကြောင်း၊ ဘောလခဲခရိုင်တွင်(၂၂၇)ဧကခန့်ရှိပြီး ရိတ်ဧကမှာ(၄၂)ဧကသာ ရိတ်သိမ်းရပါသေးသည်။ စုစုပေါင်း ပဲစင်းငုံစိုက်ဧကမှာ(၄၅၉၆)ဧက၊ ရိတ်ဧကမှာ(၄၂)ဧက၊ တစ်ဧကအထွက်နှုန်းအနေဖြင့် (၁၃)တင်းခန့်နှင့် စုစုပေါင်းအထွက်မှာ(၅၅၈)တင်းဖြစ်ပါကြောင်း သက်ဆိုင်ရာဌာနမှ သိရှိရပါသည်။

    ၂၀၂၃ ခုနှစ်၊ ပြည်နယ်အတွင်းထွက်ရှိသော ပဲစင်းငုံဈေးနှုန်းမှာတစ်ပိဿာ လျှင်(၂၇၀၀) ကျပ်၊ တစ်တင်းလျှင်(၅၄၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခင်အပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ကြည့်လျှင် (၂၀၀) ကျပ်ခန့် ဈေးနှုန်းပြန်လည်မြင့်တက်လျက်ရှိပါကြောင်း ပဲအမျိုးမျိုး ရောင်းဝယ်သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(ကယား)