စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၂၅)ရက် နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ လာဘ်မီးအိမ်စားသောက်ဆိုင်၌ ကယားပြည်နယ် ဆန်၊စပါးလုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံဆွေးနွေးမှုဆောင်ရွက်ခဲ့ပါသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူးက ယခုနှစ် စပါးစိုက်ပျိုးထွက်ရှိမှု အခြေအနေအားလည်းကောင်း၊ စပါး/ဆန်ဈေးနှုန်းအခြေအနေအားလည်းကောင်း၊ ဆန်တင်သွင်းမှု/တင်ပို့မှုအခြေအနေအားလည်းကောင်းမေးမြန်းဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ ကယားပြည်နယ် ဆန်စပါးလုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးအောင်ဝင်းမှ ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဒေသအခြေအနေအရ စပါးစိုက်ပျိုးထုတ်လုပ်မှုနည်းပါးလျက်ရှိပါကြောင်း၊ စပါးဈေးနှုန်းများအနေဖြင့် ပြည်နယ်အတွင်းစိုက်ပျိုးသော ဖိုက်အိုတူး(5O2)စပါးတစ်တင်းလျှင်(၂၁၇၀၀)ကျပ်ခန့်၊ ရွှေရင်ရေးစပါးတစ်တင်းလျှင်(၁၅၃၀၀)ကျပ်ခန့်၊ရွှေအစပါးတစ်တင်းလျှင်(၁၅၀၀၀)ကျပ်ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါကြောင်း၊ ဆန်ဈေးနှုန်းများအနေဖြင့် ရွှေရင်အေးဆန်တစ်အိတ်လျှင်(၈၀၀၀၀) ကျပ် ခန့်၊ ရွေအဆန်တစ်အိတ်လျှင်(၆၆၀၀၀)ကျပ်ခန့်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါကြောင်း၊ တင်ပို့မှုအနေဖြင့် ဒေသဆန်များကိုမန္တလေးမြို့သို့ အဓိကထားတင်ပို့လျက်ရှိပါကြောင်း၊ ဆန်များ တင်သွင်း/ တင်ပို့ရာတွင် ပြည်နယ်အစိုးရအဖွဲ့မှ ညွှန်ကြားထားသည့်အတိုင်းသယ်ဆောင်ခွင့် ခွင့်ပြုမိန့်ရရှိမှသာလျှင်ဆန်များ တင်သွင်း/တင်ပို့လျက်ရှိပါကြောင်း၊ ဆက်လက်၍တက်ရောက်လာကြသော လုပ်ငန်းရှင်များကသိရှိလိုသည့်အချက်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ပြီး တွေ့ဆုံ ဆွေးနွေးပွဲအား နံနက်(၁၀၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါကြောင်းသိရှိရပါသည်။
DOCA(ကယား)