Main menu

ဒေသထွက်ဆန် ရွှေရင်အေး၊ တရုတ်မွှေး၊ ရွှေအပ် ဈေးနှုန်းမြှင့်တက်လျက်ရှိ

Powered by Drupal

        ကယားပြည်နယ်တွင် ဆန်စပါးကို အဓိကထားစိုက်ပျိုးကြပြီး စိုက်ပျိုးထွက်ရှိသော စပါးကို ကြိတ်ခွဲကာ ပြည်နယ်တွင်းစားသုံးကြသည့်အပြင် အခြားဒေသဖြစ်သော မန္တလေးသို့ အများဆုံး တင်ပို့လျက်ရှိပါသည်။  ဒေသထွက်ဆန်ဖြစ်သည့် ရွှေရင်အေး၊ တရုတ်မွှေး၊ ရွှေအပ် တို့ကို အဓိက ထား၍ စိုက်ပျိုးစားသုံးကြပါသည်။ ယခုလတွင်ရွှေရင်အေး၊ တရုတ်မွှေး၊ ရွှေအပ် ဆန်ဈေးနှုန်းတို့မှာ မြှင့်တက်လျက်ရှိပါသည်။  ဇန်နဝါရီလပထမပတ်အတွင်း ဈေးကွက်တွင်ဖြစ်ပေါ်နေသော ရွှေရင်အေး ဆန်တစ်အိတ်ဈေးနှုန်းမှာ (၇၅၀၀၀)ကျပ်၊ တရုတ်မွှေးဆန်တစ်အိတ်ဈေးနှုန်းမှာ (၆၇၀၀၀)ကျပ်၊ ရွှေအပ်ဆန်တစ်အိတ်ဈေးနှုန်းမှာ (၆၂၀၀၀)ကျပ်ရှိခဲ့ပြီး၊ ယခုဇန်နဝါရီလစတုတ္ထပတ်အတွင်းဖြစ်ပေါ် နေသော ဈေးနှုန်းများမှာ  ရွှေရင်အေးဆန်တစ်အိတ်လျှင်(၈၀၀၀၀)ကျပ်၊ တရုတ်မွှေးဆန်တစ်အိတ် လျှင် (၆၈၀၀၀)ကျပ်၊ ရွှေအပ်ဆန်တစ်အိတ်လျှင်(၆၆၀၀၀)ကျပ် ဖြစ်ပေါ်လျက်ရှိပါသည်။ ယခင် ဇန်နဝါရီလပထမပတ် ဈေးနှုန်းနှင့် ယခုဇန်နဝါရီလစတုတ္ထပတ် ဈေးနှုန်းများကို နှိုင်းယှဉ်လျှင် ရွှေရင်အေးဆန်တစ်အိတ်လျှင် (၅၀၀၀) ကျပ်၊ တရုတ်မွှေးဆန်တစ်အိတ်လျှင်(၁၀၀၀)ကျပ်၊ ရွှေအပ် ဆန်တစ်အိတ်လျှင် (၄၀၀၀) ကျပ်ခန့် ဈေးနှုန်းမြှင့်တက်လျက်ရှိကြောင်း ၊ ဆန်သယ်ယူရောင်းချနေ သောဆန်ဆိုင်ပိုင်ရှင် တစ်ဦးထံမှသိရှိရပါသည်။

DOCA(ကယား)