ယခုကာလသည် ကြံများခုတ်သိမ်းချိန် ရာသီဖြစ်၍ အချို့တောင်သူများမှာ သကြားစက်များသို့ တိုက်ရိုက်တင်ပို့ရောင်းချခြင်းများရှိသလို အချို့တောင်သူများအနေဖြင့်လည်း တစ်ပိုင်တစ်နိုင် ကြံသကာချက်လုပ်၍ ကြံသကာအဖြစ်ရောင်းချခြင်း၊ ကြံသကာပြုလုပ်သည့်ဖိုများသို့ ရောင်းချခြင်း များပြုလုပ်ကြပါသည်။
တပိုင်တနိုင် ကြံသကာချက်လုပ်သူများအနေဖြင့် ကြံသကာချက်လုပ်ရာတွင် ကြံတစ်တန် လျှင် ကြံအရည်ပုံး ၃၀ခန့် ရရှိပြီး တစ်တန်လျှင် ဒယ် ၃၀ခန့် ချက်လုပ်ရပါသည်။ ကြံတစ်တန်ချက် လုပ်ကုန်ကျစရိတ်မှာ ၉၈၅၀၀ကျပ်ခန့် ကုန်ကျကြောင်းနှင့် တစ်တန်ချက်ပါက ကြံသကာပိဿာချိန် ၆၀ထွက်ရှိပြီး ဝင်ငွေအနေဖြင့် တစ်တန်လျှင် ၁၂၀၀၀၀ကျပ် ရရှိပါက အကျိုးအမြတ်အနေဖြင့် ၂၁၅၀၀ကျပ်ခန့် အမြတ်ရရှိကြောင်း သိရှိရပါသည်။ တစ်နေ့လျှင် ၄တန်ကျ ချက်လုပ်နိုင်ပါသော ကြောင့် အကျိုးအမြတ်အနေဖြင့် ၈၆၀၀၀ကျပ်ခန့် ရရှိပါသည်။ ချက်လုပ်ရရှိသော ရိုးရိုးကြံသကာ များကို ဈေးကွက်အတွင်း တစ်ပိုင်တစ်နိုင် ရောင်းချခြင်းများရှိသလို အချို့မှာ တန်ဖိုးမြှင့်ထုတ်ကုန် အနေဖြင့် ထုတ်လုပ်သော ကြံသကာဖိုများသို့ ရောင်းချလျက်ရှိပါသည်။
မြေပဲကြံသကာထုတ်လုပ်မှုအနေဖြင့် ကုန်ကြမ်းမှာ ကြံသကာအသုံးပြုပြီး ကြံသကာ၊ သကြား၊ နှမ်း၊ ကပ်စေးနှင့် မြေပဲကို ပျစ်ခဲသည်အထိ ၁၅မိနစ်ခန့် ကြိုချက်၍ ရရှိလာသော မြေပဲ ကြံသကာအား ပုံစံခွက်အတွင်းထည့်၍ အနည်းငယ်အေးလာလျှင် ခြစ်ဆွဲကာ ပိုင်း၍ ထုတ်ပိုးပြီး ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
မြေပဲကြံသကာ တစ်ဒယ်ထုတ်လုပ်ကုန်ကျစရိတ်မှာ ကြံသကာ၊ သကြား၊ မြေပဲ ၅၀ကျပ်သား နှမ်းနှင့် ပေါက်ပေါက် ၃၅ကျပ်သား ကပ်စေး ၈၀ကျပ်သား ဆန်မှုန့် ၄၅ကျပ်သားဖြင့် စုစုပေါင်း ထုတ်လုပ်ကုန်ကျစရိတ်မှာ ၁၉၇၀၀ကျပ်ခန့် ကုန်ကျပါသည်။ အကျိုးအမြတ်ရရှိမှုအနေဖြင့် တစ်ဒယ် လျှင် ၇.၆ ပိဿာရရှိ၍ တစ်ပိဿာလျှင် ၂၇၀၀ကျပ်ဈေးဖြင့် ရောင်းချရသည့်အတွက် ဝင်ငွေအနေဖြင့် ၂၀၅၂၀ကျပ် ရရှိပြီး အကျိုးအမြတ်အနေဖြင့် ၈၂၀ကျပ်ခန့် ရရှိပါကြောင်းနှင့် တစ်နေ့လျှင် ဒယ် ၄၂၀ခန့် ကြိုချက်နိုင်ပါသောကြောင့် အကျိုးအမြတ်အနေဖြင့် ၃၄၄၄၀၀ကျပ်ခန့် ရရှိကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)