Main menu

ပြည်မြို့နယ်ဒေသထွက် ကြက်ဟင်းခါးသီး

Powered by Drupal

      ကြက်ဟင်းခါးသီးပင်သည် ပူနွေးသောရာသီဥတုကိုကြိုက်နှစ်သက်ပါသည်။ အေးသောဒေသများ၌ နွေရာသီတွင်စိုက်ပျိုးလျှင်ဖြစ်ထွန်းပါသည်။ ကြက်ဟင်းခါးသီးစိုက်ပျိုးရန်အတွက် မြေကိုစနစ်တကျပြုပြင် ထွန်ယက်ပေးရပါသည်။ ကြက်ဟင်းခါးသီးစိုက်ပျိုးရာတွင် ရောဂါပိုးကင်းစင်ပြီး ရင့်မှည့်သောအသီးမှ အစေ့များကို တိုက်ရိုက်စိုက်ပျိုးသောနည်းဖြင့် စိုက်ပျိုးပါသည်။ စိုက်ပျိုးရာတွင် စိုက်ပျိုးသောဘောင်(သို့) ကျင်းတူးကာ တစ်ပင်နှင့်တစ်ပင်နှစ်ပေခွာပြီး မျိုးစေ့ တစ်ကျင်းလျှင် အစေ့ ၃စေ့ချပြီး စိုက်ပျိုးရပါသည်။ အပင်ကလေးများထွက်ပေါ်လာပြီး အညွှန့် လေးများစင်ပေါ်တွင် တွယ်တက်နိုင်ရန်အတွက် ဝါးခြမ်းများကို ထောင်ပေးရပါသည်။ အညွှန့်များ စင်ပေါ်ရောက်လာလျှင် လက်နှင့်ဆိတ်ပြီး ပေးထားလျှင် အပင်များပွား၍ဖြာထွက်လာပါသည်။ အောက်တိုဘာလနှင့်နိုဝင် ဘာလများတွင်စိုက်ပျိုးပြီး ဆောင်းရာသီတွင် အသီးများစတင် သီးလာ ပါသည်။ ကြက်ဟင်းခါး သီးပင် စတင်စိုက်ပျိုးပြီး အပင်အသက် ၂လခွဲ ၃လကြာလျှင် အသီးများ ဆွတ်ခူးနိုင်ပါသည်။ အသီးများဆွတ်ခူးရာတွင် အသီးများကို မရင့်မှည့်မှီ တစ်ရက်ခြား တစ်ကြိမ်ဆွတ်ခူးရပါသည်။ တစ်ဧကလျှင် ပျမ်းမျှ အထွက်နှုန်းမှာ အချိန် ၃၀ခန့် ထွက်ရှိပါသည်။ ကြက်ဟင်းခါးသီး အများအပြား စိုက်ပျိုးထွက်ရှိရာဒေသမှာ ပြည်မြို့နယ် ကမ်းနားလမ်း ၊ မုဌောရွာ တွင် စိုက်ပျိုးပြီး ဈေးကွက် အတွင်းရောင်းချရာတွင် ပြည်မြို့နယ်အတွင်းရှိ မြို့မ စည်ပင်သာယာ ဈေးများတွင် လက်လီ/ လက်ကား ရောင်းချပြီး ရခိုင်နှင့်ရန်ကုန်မြို့ကြီးများသို့ ကုန်စိမ်းပွဲစားများမှ တင်ပို့ရောင်းချ ကြောင်း သိရှိရပါသည်။ ဈေးကွက်အတွင်း ကြက်ဟင်းခါး သီးတစ်လုံးလျှင် ၁၀၀ကျပ်၊ ၁၅၀ကျပ်နှုန်းဖြင့် ရောင်းချကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)