![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၁၁၉_0.jpg?itok=i-4-t6nJ)
စလင်းမြို့နယ်၌ ခရမ်းချဉ်သီးကို ကြိမ်မြောင်း၊ ဥယျာဉ်စု၊ ပေါင်းတန်း၊ ဝက်ခနိုက်နှင့် နွယ်တမင် စသည့်ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြပြီး ဇန်နဝါရီလ(စတုတ္ထ)ပတ်တွင် ဈေးကွက်၌ ခရမ်းချဉ်သီးများဈေးကောင်းရနေကြောင်းသိရပါသည်။
ဒီဇင်ဘာလနှင့် ဇန်နဝါရီလတွင် ခရမ်းချဉ်သီးများ စတင်ထွက်ပေါ်နေပြီဖြစ်ရာ စလင်းဈေးကွက်၌ ဇန်နဝါရီလ (စတုတ္ထ)ပတ်တွင် ခရမ်းချဉ်သီးအစိမ်း(၁)ပိဿာလျှင် ကျပ်(၁၇၀၀)နှင့် ခရမ်းချဉ်သီးအမှည့်(၁)ပိဿာလျှင် ကျပ်(၂၁၀၀)ဖြင့် မြို့ပေါ်ရှိဈေးကွက်များတွင်သာမက ပွင့်ဖြူ၊ မင်းဘူး၊ မကွေးမြို့များရှိ ကုန်စိမ်းဈေးကွက်သို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်းနှင့် ဒီဇင်ဘာလတွင် ခရမ်းချဉ်သီး (၁)ပိဿာလျှင် ကျပ်(၁၅၀၀)ဖြင့် ရောင်းချခဲ့ကြကြောင်းသိရှိရပါသည်။ စက်သုံးဆီဈေးနှုန်းများမြင့်တက်လာခြင်း၊ သယ်ယူပို့ဆောင်ခနှုန်းထားများမြင့်တက်လာခြင်းနှင့် လုပ်အားခများ ဈေးနှုန်းမြင့်မားလာခြင်းတို့ကြောင့် ခရမ်းချဉ်သီးဈေးများမြင့်တက်လာပါကြောင်း ကုန်စိမ်းရောင်းချသည့် ဈေးသည် ဒေါ်ရီမြင့်ထံမှသိရှိရပါသည်။
DOCA(မကွေး)