Main menu

ဈေးကွက်သို့ အမြင့်ဈေးဖြင့် ဆက်လက်ဝင်ရောက်လျက်ရှိသော ဆောင်းမြေပဲ

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များ ဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များပိုမိုခိုင်မာအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန် စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ်တင်ပြလျက်ရာ မတ်လ ပထမပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံဈေးနှုန်းများကို ရွှေဘိုမြို့၊ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများအား ဆက်သွယ်မေးမြန်းခဲ့ပါသည်။

    ရွှေဘိုခရိုင်အတွင်း စိုက်ပျိုးထားသောဆောင်းမြေပဲများ ရိတ်သိမ်းပြီးဖြစ်၍ ဖေဖော်ဝါရီလ စတုတ္ထပတ်မှစတင်ပြီး ရွှေဘိုဈေးကွက်သို့ စတင်ဝင်ရောက်လာပါကြောင်း၊ မတ်လ ပထမပတ်အတွင်း မြေပဲဆံတစ်တင်းလျှင် (၁၀၄၀၀ဝိ/-) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ (၁၃၅၀)တင်း/(၃၁)တန်ဖြစ်ကြောင်း၊ ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းနှိုင်းယှဉ်ပါက ယခင်နှစ်တွင် (၅၉၂၀ဝိ/-) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ဖြင့် ယခုနှစ်တွင် ယခင်နှစ်ထက် (၄၄၈၀ဝိ/-) ကျပ်ဈေးပိုခဲ့ပါကြောင်း၊ ယခင်အပတ်နှင့် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းနှိုင်းယှဉ်ပါက ယခင်အပတ်၌ တစ်တင်းလျှင် (၁၀၄၀၀ဝိ/-) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သဖြင့် ယခင်အပတ်နှင့်ယခုအပတ်ဈေးနှုန်းတူညီကြောင်း၊ ရွှေဘိုဈေးကွက်သို့ ဝင်ရောက်သမျှမြေပဲများ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဝယ်ယူရရှိသည့်မြေပဲများကို လှောင်လက်သိပ်မရှိဘဲ ဝယ်ယူရသည့်ဈေးနှင့် ရောင်းဈေးကိုက်ပါက ပြန်လည်ရောင်းချမှုများပြားကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)