ကယားပြည်နယ်၊ လွိုင်ကော်မြို့ သီရိမင်္ဂလာဈေးတွင် ၂၀၂၃ ခုနှစ်၊ မတ်လ ဒုတိယပတ်အတွင်း လက်လီဈေးနှုန်းများအနေဖြင့် ကြက်သွန်နီတစ်ပိဿာလျှင် (၂၀၀၀) ကျပ်၊ ကြက်သွန်ဖြူတစ်ပိဿာလျှင် (၄၅၀၀) ကျပ်၊ ချင်းတစ်ပိဿာလျှင် (၁၈၀၀) ကျပ်၊ နနွင်းတစ်ပိဿာလျှင် (၅၅၀၀) ကျပ်၊ ငရုတ်သီးခြောက်တစ်ပိဿာလျှင် (၂၂၀၀၀) ကျပ်၊ အာလူးတစ်ပိဿာလျှင် (၂၃၀၀) ကျပ်၊ ယခင်တစ်ပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ကြည့်လျှင် ကြက်သွန်နီတစ်ပိဿာလျှင် (၅၀၀) ကျပ်ကျဆင်းလာပြီး ငရုတ်သီးခြောက်တစ်ပိဿာလျှင် (၁၀၀၀)ကျပ်မြင့်တက်လာကြောင်း၊ ကျန်စားဖိုဆောင်သီးနှံဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိပါကြောင်း စားဖို ဆောင်သီးနှံရောင်းချသူများထံမှ သိရှိရပါသည်။
DOCA(ကယား)