Main menu

မကွေးမြို့၏ ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ(စတုတ္ထအပတ်)မှ မတ်လ (ပထမအပတ်)ထိ စက်သုံးဆီစျေးနှုန်းအခြေအနေ

Powered by Drupal

    မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားစျေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

   မကွေးမြို့ပေါ်တွင် စက်သုံးဆီဆိုင် (၂၁)ဆိုင်ရှိရာ ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိကြပြီး ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ(စတုတ္ထအပတ်)စက်သုံးဆီစျေးနှုန်းများမှာ ဒီဇယ်(ရိုးရိုး)(၁)လီတာလျှင် (၂၂၄၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်)(၁)လီတာလျှင် (၂၃၂၅)ကျပ်၊ ဓာတ်ဆီ(92)(၁)လီတာလျှင် (၂၁၅၅)ကျပ်နှင့် ဓာတ်ဆီ (95)(၁)လီတာလျှင် (၂၂၃၅)ကျပ်တို့ဖြစ်ကြပြီး ၂၀၂၃ခုနှစ်၊ မတ်လ(ပထမအပတ်)တွင် ဒီဇယ်(ရိုးရိုး)(၁)လီတာလျှင် (၂၂၇၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်)(၁)လီတာလျှင် (၂၃၅၀)ကျပ်၊ ဓာတ်ဆီ(92)(၁)လီတာလျှင် (၂၁၈၀)ကျပ်နှင့် ဓာတ်ဆီ(95)(၁)လီတာလျှင် (၂၂၆၅)ကျပ်နှုန်းတို့ရှိရာ ဒီဇယ်(ရိုးရိုး)(၁)လီတာလျှင် (၂၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်)(၁)လီတာလျှင် (၂၅)ကျပ်၊ ဓာတ်ဆီ(92)(၁)လီတာလျှင် (၂၅)ကျပ်၊ ဓာတ်ဆီ(95)(၁) လီတာလျှင် (၃၀)ကျပ် စသည်ဖြင့် အသီးသီးစျေးနှုန်းများ အနည်းငယ်မြင့်တက်လာကြောင်း လေ့လာသိရှိရပါသည်။

DOCA(မကွေး)