Main menu

ဈေးကွက်အတွင်း ကြက်သွန်ဖြူဈေးနှုန်းအနည်းငယ်ကျဆင်း

Powered by Drupal

   စားဖိုဆောင်သီးနှံတစ်ခုဖြစ်သည့် ကြက်သွန်ဖြူကို  မုံရွာမြို့နယ်အတွင်း၌လည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိကြပြီး၊  ယခုနှစ်စိုက်ပျိုးထားရှိမှုများကို စတင်ရိတ်သိမ်းပြီးဖြစ်၍ ဈေးကွက်အတွင်း ဝင်ရောက်မှုများပြားလာကြောင်း၊ ဒေသထွက်များ လှိုင်လှိုင်ပေါ်လျက်ရှိကြောင်း၊ ကြက်သွန်ဖြူကို အောင်ပန်း၊ ကလောတို့မှလည်းကောင်း သယ်ယူကာရောင်းချလျက်ရှိကြောင်း၊ လက်ရှိတွင် ဈေးကွက်အတွင်းဖြစ်ပေါ်နေသော ဈေးနှုန်းများမှာ ယခု ၂၀၂၃ခုနှစ်၊ မတ်လ ဒုတိယအပတ်တွင် ကြက်သွန်ဖြူ (ရှမ်းစ) တစ်ပိဿာလျှင် ကျပ်(၅၀၀၀)၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ကျပ် (၆၀၀၀)၊ ယခင်ဖေဖော်ဝါရီလ ဒုတိယအပတ်တွင် ကြက်သွန်ဖြူ (ရှမ်းစ) တစ်ပိဿာလျှင် ကျပ် (၆၀၀၀)၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ကျပ် (၈၀၀၀) ဖြင့်ရောင်းချလျက်ရှိကြောင်း၊  ယခုမတ်လ ဒုတိယအပတ်နှင့်  ယခင်ဖေဖော်ဝါရီလ ဒုတိယအပတ်တို့ကို နှိုင်းယှဉ်မည်ဆိုလျှင် ရှမ်းစတစ်ပိသာလျှင် ကျပ် (၁၀၀၀) ခန့်၊ (ကြူကုတ်) တစ်ပိဿာလျှင် (၂၀၀၀) ကျပ်တို့ဖြင့် ဈေးနှုန်းများကျဆင်းလျက်ရှိကြောင်း မုံရွာမြို့၊ မြသလ္လာဈေးတွင် ရောင်းချနေသောကုန်သည်ပွဲစားများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)