Main menu

ဆိပ်ဖြူ ကုန်စည်ဒိုင်ကြက်သွန်နီ မတ်လ(ပထမ)ပတ်အတွင်း ဈေးကွက်အခြေအနေ

Powered by Drupal

     ဆိပ်ဖြူမြို့ ကြက်သွန်နီအရောင်းအဝယ်ဖြစ်လျက်ရှိသော ကုန်စည်ဒိုင်သို့ မတ်လ (၁)ရက် မှ (၇)ရက်ထိ (ပထမ)ပတ်အတွင်း ကြက်သွန်နီပင်စိုက်(အသစ်)များ တစ်ရက်လျှင် ပျမ်းမျှ ကုန်ချိန်ပိဿာ(၅)သောင်းခန့်၊ (၁)ပတ်အတွင်း စုစုပေါင်း ပိဿာ(၃)သိန်းခွဲခန့် ကုန်စည်ဒိုင်သို့ ဝင်ရောက်လျက်ရှိကြောင်း သိရှိရသည်။

        ယခု(၁)ပတ်အတွင်း ကြက်သွန်နီ(၁)ပိဿာဈေးနှုန်းမှာ အမြင့်ဈေး ထိပ်စ(ရှယ်) ကျပ် (၁၀၀၀ မှ ၉၅၀)၊ အလတ်စ ကျပ်(၉၀၀ မှ ၈၅၀)၊ အသေးစ ကျပ်(၈၀၀ မှ  ၇၀၀)ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခင် မတ်လ(ပထမ)ပတ်တွင် ကြက်သွန်နီ ထိပ်စအမြင့်ဆုံးဈေးမှာ (၁)ပိဿာလျှင် ကျပ်(၁၁၅၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ယခု(၁)ပတ်တွင် ထိပ်စ(ရှယ်) ကျပ်(၁၅၀)၊ အလတ်စနှင့် အသေးစတို့မှာ ကျပ်(၁၀၀)စီခန့် ဈေးနှုန်း ကျဆင်း၍ အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

        ဆိပ်ဖြူမြို့မှ ကြက်သွန်နီများကို အခြားတိုင်းဒေသကြီးများသို့ စီးထွက်မှုမှာ ရန်ကုန်ဘုရင့် နောင်ပွဲရုံ၊ ပြည်မြို့၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နှင့် မော်လမြိုင်မြို့၊ ပြည်ပပို့ကုန်အဖြစ် မြဝတီဝယ်လက်မှတဆင့် ဗီယက်နမ်နိုင်ငံ၊ မူဆယ်မြို့မှတ်တစ်ဆင့်တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့လျက် ရှိပြီး ယခု(၁)ပတ်အတွင်း စုစုပေါင်းပျမ်းမျှပိဿာ(၂)သိန်း၊ (၈၅၇၁)အိတ်၊ တန်ချိန်(၂)သောင်းခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှ သိရှိရသည်။

        ဆိပ်ဖြူမြို့ ပတ္တမြားဈေးအတွင်းရှိ ဈေးတန်းများတွင် ကြက်သွန်နီ၏ အရွယ်အစားနှင့် အရည်အသွေးကို လိုက်၍ (၁)ပိဿာလျှင် လက်ကားဈေး  ကျပ်(၁၃၀၀ မှ ၅၀၀)ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စိမ်းရောင်းချသူ ဈေးသည်များမှတစ်ဆင့် သိရှိရသည်။

DOCA(မကွေး)