မကွေးမြို့နယ်တွင် ဆေးဆိုင်(၂၁)ဆိုင်ဖွင့်လှစ်ရောင်းချလျက်ရှိရာ စျေးကွက်အတွင်း ဖြစ်ပေါ်လျက်ရှိသော အိမ်သုံးဆေးဝါးနှင့် အားဆေးများ၏စျေးနှုန်းများမှာ မတ်လပထမအပတ်နှင့် ဒုတိယအပတ်တို့တွင် စျေးနှုန်းအပြောင်းအလဲမရှိဘဲ စျေးနှုန်းတည်ငြိမ်လျက်ရှိပါသည်။
အိမ်သုံးဆေးဝါးများ၏ စျေးနှုန်းများမှာ Decolgen (၁၀)လုံးပါတစ်ကဒ်လျှင် ကျပ်(၁၄၀၀)၊ Civit အလုံး(၁၀၀)ပါ တစ်ဗူးလျှင်ကျပ်(၁၅၀၀)၊ Paracetamol (၁၀)လုံးပါတစ်ကဒ် လျှင်ကျပ်(၃၀၀)၊ Biogesic (၁၀)လုံးပါတစ်ကဒ်လျှင်ကျပ်(၉၀၀)၊ Amoxicillin အလုံး(၁၀၀)ပါ တစ်ဗူး လျှင်ကျပ်(၄၇၀၀)၊ Enervon-C (၄)လုံးပါတစ်ကဒ်လျှင် ကျပ်(၁၄၅၀)၊ Burmeton အလုံး(၁၀၀)ပါ တစ်ဗူးလျှင် ကျပ်(၁၆၀၀)၊ Cetrine (၁၀)လုံးပါတစ်ကဒ်လျှင် ကျပ်(၁၅၀)၊ ဓါတ်ဆား MPF(၁)ထုပ်လျှင် ကျပ်(၃၀၀)၊ Oramin-G (၅)လုံးပါ တစ်ကဒ်လျှင်ကျပ်(၂၆၀၀)၊ Becozinc (၁၀)လုံးပါ တစ်ကဒ်လျှင် ကျပ်(၃၆၅၀)၊ Vitahome (၁၀)လုံးပါ တစ်ကဒ်လျှင်ကျပ်(၁၆၅၀)၊ SaRa (၁၀)လုံးပါတစ်ကဒ်လျှင် ကျပ်(၉၀၀)၊ Vitacee (၁၅)လုံးပါတစ်ကဒ်လျှင် ကျပ်(၃၉၀၀)၊ Flemex (၁၀)လုံးပါ တစ်ကဒ်လျှင် ကျပ် (၃၂၅၀)၊ Solmux (၄)လုံးပါတစ်ကဒ်လျှင် ကျပ်(၁၄၅၀)၊ Woods (၁၅)လုံးပါ တစ်ဗူးလျှင် ကျပ်(၇၆၀၀)၊ Alexal (၁၀)လုံးပါတစ်ကဒ်လျှင် ကျပ် (၂၁၀၀)နှင့် Mixagrip (၄)လုံးပါတစ်ကဒ် လျှင်ကျပ်(၈၀၀) တို့ဖြင့် အသီးသီးစျေးနှုန်း တည်ငြိမ်လျက်ရှိကြောင်း ဆေးဆိုင်များမှ လေ့လာသိရှိရပါသည်။
DOCA(မကွေး)