Main menu

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

Powered by Drupal

     အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ မတ်လ(၈)ရက်နေ့မှ မတ်လ (၁၄)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက်ရောင်းချနေကြောင်း သိရှိရပါသည်။ ထိုသို့ဝင်ရောက် ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ်တစ်ပိဿာလျှင် ကျပ်(၁၂၀၀ မှ ၁၈၀၀) အတွင်း၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် ကျပ်(၇၀၀ မှ ၁၅၀၀)အတွင်း၊ ပန်းဂေါ်ဖီတစ်ထုပ်လျှင် ကျပ်(၆၀၀ မှ ၁၀၀၀)အတွင်း၊ အာလူးတစ်ပိဿာလျှင် ကျပ်(၂၀၀၀ မှ ၂၁၀၀)အတွင်း၊ မုန့်လာဥနီတစ်ပိဿာလျှင် ကျပ်(၁၀၀၀ မှ ၁၅၀၀)အတွင်း ရွှေဖရုံသီးတစ်လုံးလျှင် ကျပ် (၁၅၀၀ မှ ၄၀၀၀)အတွင်း၊ ဘူးသီးတစ်လုံးလျှင် ကျပ်(၇၀၀ မှ ၁၅၀၀)အတွင်း၊ မုန်ညှင်း(ထုပ်)တစ်ပိဿာလျှင် ကျပ်(၁၅၀၀ မှ ၂၀၀၀)အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)တစ်ပိဿာလျှင် ကျပ်(၁၁၀၀ မှ ၁၆၀၀) အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)တစ်ပိဿာလျှင် ကျပ် (၅၅၀၀ မှ ၆၀၀၀)အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်)တစ်ပိဿာလျှင် ကျပ်(၃၆၀၀ မှ ၃၇၀၀)အတွင်း၊ ချင်းတစ်ပိဿာလျှင် ကျပ်(၁၈၀၀ မှ ၂၀၀၀)အတွင်း၊ ဆလတ်ရွက်တစ်စည်းလျှင် ကျပ်(၁၅၀ မှ ၂၀၀)အတွင်း၊ ချဉ်ပေါင်ရွက်တစ်စည်းလျှင် ကျပ်(၆၅ မှ ၁၀၀)အတွင်း၊ ခရမ်းသီး (ရှည်)တစ်ပိဿာလျှင် ကျပ်(၁၀၀၀ မှ ၁၂၀၀)အတွင်း၊ သံပရာသီးတစ်လုံးလျှင် ကျပ်(၈၅ မှ ၁၅၀)အတွင်း၊ ငရုတ်သီးစိမ်း(ကျောက်စိမ်း)တစ်ပိဿာလျှင် ကျပ်(၁၆၀၀ မှ ၂၆၀၀)အတွင်း၊ ဖရဲသီး(အကြီး၊ အလတ်၊ အသေး)တစ်လုံးလျှင် ကျပ်(၂၀၀၀ မှ ၅၀၀၀)အတွင်းဖြစ်ကြောင်း သိရှိရပါသည်။ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပရာသီးအလုံးပေါင်း (၁၀၁၄၀၀)လုံးကျော်၊ ခရမ်းသီး(ရှည်)ပိဿာပေါင်း (၄၈၉၈၀)ပိဿာကျော်၊ ဘူးသီးအလုံးပေါင်း (၄၉၁၅)လုံးကျော်၊ ရွှေဖရုံသီးအလုံးပေါင်း (၇၃၅)လုံးကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၁၇၅၀၀)ထုပ်ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၁၁၀၀၀)ထုပ်ကျော်၊ မုန်ညှင်းထုပ်ပိဿာပေါင်း (၁၀၀၉၀)ပိဿာကျော်၊ ဖရဲသီးလုံးပေါင်း (၇၂၀၀)လုံးကျော်  အသီးသီးကုန်အဝင်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)