Main menu

မူဆယ်မြို့၊ နမ့်အွမ်သကြားစက်ရုံ သကြားထုတ်လုပ်မှု အခြေအနေ

Powered by Drupal

     ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ နမ့်အွမ်သကြားစက်ရုံ၏ ၂၀၂၃ခုနှစ် စက်လည်ပတ် မှုအခြေအနေမှာ ကိုဗစ်ကာလအတွင်း စက်လည်ပတ်မှု ယာယီပိတ်ထားကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ကိုဗစ်ဖြစ်ပွားမှု လျော့နည်းလာသောကြောင့် သကြားစက်ပြန်လည် လည်ပတ်ခဲ့ပါသည်။ ၂၀၂၃ ခုနှစ် (၄.၁.၂၀၂၃)ရက်နေ့တွင် စက်စတင်လည်ပတ်ခဲ့ပြီး၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် ကြံကြိတ်ဝါးပြီးသည့် တန်ချိန်မှာ(၃၂၀၀၀)တန်၊ သကြားအထွက်နှုန်း(၁၀.၂%)၊ သကြားအထွက်တန်ပေါင်း(၃၂၆၄.၁၅)တန် ထွက်ရှိကြောင်း၊ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် ကြံတန်ချိန်(၅၃၆၀၀)တန် ၊ သကြားအထွက်နှုန်း (၁၀.၄%)ထွက်ရှိကြောင်း၊ ဇန်နဝါရီလ မှ ဖေဖော်ဝါရီလထိ သကြားအထွက် တန်ပေါင်း(၅၅၇၄၄) တန်ထွက်ရှိကြောင်း၊ ကြံကာလကုန်တော့မည် ဖြစ်သည့်အတွက် ၂၀၂၃ခုနှစ်၊ မတ်လ(၁၆)ရက်နေ့ ထိသာ စက်လည်ပတ်တော့မည်ဖြစ်ကြောင်း သိရှိရပါသည်။

    နမ့်အွမ်သကြားစက်ရုံသည် ကုန်ကြမ်းကြံ (၁) ရက်လျှင် (၁၄၀၀)တန် ကြိတ်ဝါးနိုင်ကြောင်း၊ တစ်လအတွင်းမှာ ကြံတန်(၁၅၀၀၀၀)တန်အထိ ကြိတ်ဝါးနိုင်ကြောင်း၊ နမ့်အွမ်သကြားစက်ရုံသည် ကြံစိုက်တောင်သူများအပေါ်တွင် မြေဩဇာ၊ ပိုးသတ်ဆေး အကြွေးစနစ်ဖြင့် ပံ့ပိုးပေးပြီး ကြံပေါ်ချိန် ကြံဖိုးမှပြန်လည်ဖြတ်တောက်ကြောင်း၊ ကြံခင်းအသစ်စိုက်ပျိုးသည့် တောင်သူများကို တစ်ဧကလျှင် မြန်မာငွေ(၁၀၅၀၀၀၀)ကျပ်ပေးပြီး အကြွေးစနစ်ဖြင့် ပံ့ပိုးပေးပြီးကြံပေါ်ချိန် ကြံဖိုးမှပြန် လည်ဖြတ် တောက်ကြောင်း၊ ကြံစက်ရုံရှိသည့်အတွက်ကြံတောင်သူများလည်း အားကိုးအားထားရာနေရာဖြစ်ပါ ဖြစ်ပါကြောင်း ကြံစိုက်တောင်သူများပြောကြားချက်အရ သိရှိရပါသည်။

    မူဆယ်မြို့နယ်အတွင်းရှိ နမ့်အွမ်ကျေးရွာတစ်ဝိုက်တွင် ယခင်နှစ်တွင် ကြံဧက(၁၀၀၀၀)ဧက စိုက်ပျိုးခဲ့ကြောင်း၊ ယခုနှစ်တွင်အကြောင်းအမျိုးမျိုးကြောင့် ကြံဧက(၇၀၀၀)ခန့်သာ စိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ်တွင် ကြံဧက အနည်းငယ် လျော့နည်းကြောင်း သိရှိရပါသည်။

    နမ့်အွမ်သကြားစက်ရုံသည် တရုတ်ပြည်ဘက်သို့သကြားတင်ပို့ရာတွင် လက်ရှိအခြေအနေသည် တရုတ်ပြည်ဘက်မှ သကြားဝယ်လက်နည်းနေသောကြောင့် နောက်လာမည့်နှစ်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) ဟိုပုန်းမြို့သို့ စက်ရုံပြောင်းရွေ့ရမည့် အခြေအနေရှိသည်ဟု နမ့်အွမ်သကြားစက်ရုံမှူး ဦးကျော်သန်းအေးမှတဆင့် စုံစမ်းသိရှိရပါသည်။

DOCA(ရှမ်း)