စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သောအာလူးကို ယခင်က လွိုင်ကော်၊ ဒီးမော့ဆိုမြို့နယ်များတွင် စိုက်ပျိုးလျက်ရှိပြီး ယခုအခါ စိုက်ပျိုးမှုအနည်းငယ်သာရှိသဖြင့် အခြားဒေသများဖြစ်သည့် ပင်လောင်း၊ အောင်ပန်းနှင့် နောင်တရားမြို့တို့မှ အများဆုံးတင်သွင်း ရောင်းချလျက်ရှိပါသည်။
ယခု၂၀၂၃ခုနှစ်၊ မတ်လတတိယပတ်အတွင်း ဈေးကွက်တွင်ဖြစ်ပေါ်နေသော အာလူးဈေးနှုန်းမှာ တစ်ပိဿာလျှင် (၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင်ဖေဖော်ဝါရီလ(တတိယပတ်)တွင် အာလူးဈေးနှုန်းမှာ တစ်ပိဿာလျှင်(၂၅၀၀)ကျပ်ဖြစ်ပြီး ယခုမတ်လ(တတိယပတ်)နှင့် ယခင်ဖေဖော်ဝါရီလ(တတိယပတ်) နှိုင်းယှဉ်လျှင် အာလူးတစ်ပိဿာ(၅၀၀)ကျပ်ခန့် ဈေးနှုန်းကျဆင်းလာကြောင်း နောင်ယားဈေးရှိ အာလူးရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။
DOCA(ကယား)