Main menu

တောင်ငူမြို့မှ ဟင်းသီးဟင်းရွက်အချို့ ဈေးနှုန်းအတက်အကျရှိ

Powered by Drupal

    တောင်ငူမြို့ ညောင်ပင်လေးဈေးရှိ ဟင်းသီးဟင်းရွက်ဈေးတွင် ငရုတ်သီးစိမ်း (မိုးထောင်သီး) တစ်ပိဿာလျှင် ၅၀၀၀ ကျပ်မှ ၅၅၀၀ ကျပ်အထိ၊ ကုလားအော်သီးစိမ်းမှာ တစ်ပိဿာလျှင် ၁၀၅၀၀ ကျပ် မှ ၁၁၀၀၀ ကျပ်ထိ၊ ခရမ်းသီးဖြူ တစ်ပိဿာလျှင် ၄၅၀ ကျပ် မှ ၅၀၀ ကျပ် ထိ၊ ခရမ်းသီးညိုမှာ တစ်ပိဿာလျှင် ၈၀၀ ကျပ် မှ ၁၀၀၀ ကျပ်ထိ၊ သခွါးသီးမှာ အလုံးကြီး တစ်ပိဿာလျှင် ၁၀၀၀ ကျပ်၊ အလုံးလတ်မှ ၁ပိဿာလျှင် ၁၅၀၀ ကျပ်၊ ခရမ်းချဉ်သီးမှာ တစ်ပိဿာလျှင် ၁၃၀၀ ကျပ်မှ ၁၅၀၀ ကျပ်အထိ ရှိကြ၍ ယခင်အပတ်ကအတိုင်း ဈေးနှုန်းတည်ငြိမ်လျက်ရှိပါသည်။

      ဂေါ်ဖီမှာ ယခင်အပါတ်က တစ်ပိဿာလျှင် ၅၀၀ ကျပ်မှ ၇၀၀ ကျပ်အထိရှိခဲ့ပြီး ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၀၀၀ ကျပ်မှ ၁၂၀၀ အထိ ဈေးနှုန်းမြှင့်တက်ခဲ့ပါသည်။ ဂေါ်ရခါးသီးမှာ တစ်လုံးလျှင် ယခင်က ၁၀၀ ကျပ် မှ ၁၅၀ ကျပ်အထိ ရှိပြီး ယခုအပတ်တွင် တစ်လုံးလျှင် ၂၅၀ ကျပ်မှ ၃၀၀ ကျပ်အထိ ဈေးနှုန်းမြှင့်တက်ခဲ့ပါသည်။ ၁၀ လုံးနှင့်အထက် ဝယ်ယူပါက ဈေးနှုန်းအနည်းငယ်လျှော့ပေးကြောင်း သိရပါသည်။

      ပြောင်းဖူးမှာ  အဖြူ၊ အဝါ နှစ်မျိုးလုံး အဖူးကြီးပါက တစ်ဖူးလျှင် ၃၅၀ ကျပ်၊ ၁၀ ဖူး ဝယ်လျှင် ၃၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ အဖူးသေးလျှင် ၂၅၀ ကျပ်၊ ၁၀ ဖူးဝယ်လျှင် ၂၀၀၀ ကျပ် ဖြင့်လည်းကောင်း ရောင်းချကြောင်း သိရပါသည်။

     ကန်စွန်းရွက် တစ်စည်းလျှင် ၁၀၀ ကျပ်ဖြင့် ရောင်းချပြီး ၁၀ စည်းယူလျှင် ၈၀၀ ကျပ်ဖြင့် လည်းကောင်း၊ ချဉ်ပေါင်ရွက်မှာ တစ်စည်းလျှင် ၁၀၀ ကျပ်ဖြင့်ရောင်းချပြီး ၁၀ စည်းဝယ်လျှင် ၉၀၀ ကျပ်ဖြင့်လည်းကောင်း ရောင်းချပါသည်။ နံနံပင်မှာလည်း ဈေးနှုန်းအနည်းငယ်ကျဆင်းလာပြီး ၁၀ စည်းတစ်ကုံးကို ၃၀၀ ကျပ်ရောင်းပြီး ၁၀ စည်း ၂ ကုံးယူပါက ၅၀၀ ကျပ် ရောင်းချပါသည်။ အရောင်းအဝယ်မှာ ပုံမှန်အတိုင်းရှိပါကြောင်း ကုန်စိမ်းရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(ပဲခူး)