(၄၉) နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ်အနေဖြင့် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် မွန်ပြည်နယ်ဆီလုပ်ငန်းရှင်အသင်းတို့ပူးပေါင်း၍ ပြည်သူများအား သက်သာသောဈေးနှုန်းများဖြင့် ဆန်နှင့်ဆီများရောင်းချခြင်းကို မော်လမြိုင်မြို့၊ ကမ်းနားလမ်းရှိ စားသုံးသူရေးရာဦးစီးဌာန၊ ပြခန်း၌ရောင်းချခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် အစိုးရအဖွဲ့ဝင်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ သက်သာသောဈေးနှုန်းဖြင့် ဆန်နှင့်ဆီများအား ရောင်းချခဲ့ရာ ဧည့်မထဆန်တစ်ပြည်လျှင် (၂၀၀၀) ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် (၅၂၀၀) ကျပ်နှုန်းဖြင့်ရောင်းချခဲ့ရာ လာရောက်ဝယ်ယူအားပေးသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မွန်)