Main menu

ပဲတီစိမ်းစိုက်တောင်သူများ ရိတ်သိမ်း ထွက်ရှိမှု၊ စျေးကွက်နှင့် တွက်ခြေကိုက်မှု

Powered by Drupal

      ပဲခူးတိုင်းဒေသကြီး (အနောက်)၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ဆောင်းသီးနှံများ ဖြစ်သော မတ်ပဲ၊ ပဲတီစိမ်း အပါအဝင် ပဲမျိုးစုံ၊ စားဖိုဆောင်သီးနှံများ ဆီထွက်သီးနှံများအား စိုက်ပျိုးလျက်ရှိရာ ပဲတီစိမ်းအား အများဆုံး စိုက်ပျိုးပြီး ဒုတိယအများဆုံးအနေဖြင့် မတ်ပဲ သီးနှံကို စိုက်ပျိုးလျက်ရှိပါသည်။ ပဲတီစိမ်း (ရေဆင်း-၁) နှင့် (ဝါးခယ်မ)မျိုး (၂၅၄၀၇)ဧက၊ မတ်ပဲ (ရေဆင်း-၂) နှင့် (ရေဆင်း-၃)မျိုး (၁၉၆၆၆)ဧက စိုက်ပျိုးထားရှိပါသည်။

    ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ၊ ဒုတိယပါတ်အထိ ပဲတီစိမ်း (၁၆၈၁၁) ဧက ရိတ်သိမ်းပြီးစီး၍ အထွက်တင်း တစ်ဧက ပျှမ်းမျှ (၁၈.၅၆) တင်းနှုန်း၊ မတ်ပဲ(၁၄၇၀၅) ဧက ရိတ်သိမ်းပြီးစီး၍ အထွက်တင်း တစ်ဧကပျှမ်းမျှ (၁၅.၅၀) တင်းနှုန်း ထွက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါသည်။

    ပဲတီစိမ်း တစ်ဧက ကုန်ကျစရိတ်အနေဖြင့် စိုက်ခင်းပြင် ထယ်ထိုး(၇၅၀၀၀)ကျပ် (၃)မျိုးစပ်၊ မျိုး(ပိဿာ၂၀)တစ်တင်းလျှင် (၇၀၀၀၀)ကျပ် ၊ မှိုဆေး၊ ပိုးသတ်ဆေး၊ အားဆေး၊ အသီးအပွင့်ဆေး (၇၀၀၀၀) ကျပ်ခန့် ၊ ပဲနုတ်ခ (၆၇၅၀၀)ကျပ်၊ ပဲပုံလုပ်သားခ (၂၂၅၀၀)ကျပ်၊ ပဲခြွေစက်ခ တစ်တင်း (၂၅၀၀)ကျပ် နှုန်းဖြင့် တစ်ဧကအတွက် (၄၆၂၅၀)ကျပ်၊ ပဲစက်ခြွေလုပ်သားခ(၅)ဦး (၂၅၀၀၀)ကျပ်၊ ဖြစ်သဖြင့် သွင်းအားစု စုစုပေါင်း ကုန်ကျစရိတ်မှာ (၃၇၆၂၅၀)ကျပ်ခန့် ဖြစ်ပါသည်။ မတ်လ ပထမပတ် ပဲတစ်တင်း ပေါက်စျေမှာ (၆၃၅၀၀)ကျပ်ဖြင့် တစ်ဧက ရငွေပေါင်း (၉၈၉၇၅၀)ကျပ်ဖြစ်၍ တစ်ဧကအမြတ်မှာ (၆၁၃၅၀၀)ကျပ်ခန့် ပဲတီစိမ်းစိုက်တောင်သူများ အကျိုးဖြစ်ထွန်းလျက်ရှိပါကြောင်း စိုက်ပျိုး‌ရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုး‌ရေး ကျေးရွာများသို့ ကွင်းဆင်းလေ့လာတွေ့ရှိချက်များအရ သိရှိရပါသည်။

DOCA(ပဲခူး)