Main menu

ဆည်ရေ အရောက် ရေသောက်တဲ့ နွေစပါး

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် ကျေးရွာအုပ်စု ၅၃ အုပ်စုရှိသည့်အနက် နိုင်ငံ့စီးပွားမြှင့်တင်ရေးအစီအစဉ်ဖြင့် ကုတင်ဘီးလင်းဆည်နှင့် သဲကောဆည်တို့မှ ဆက်သွယ်ရေး လက်တံမြောင်းဘေးရှိ ရေရရှိသော အုပ်စု ၁၃ အုပ်စုရှိ  ကျေးရွာများအား နွေစပါး စိုက်ဧက ၁၂၇၉၄ ဧက စိုက်ပျိုးရန် လျာထားသတ်မှတ်ခဲ့ရာ ယခုနှစ် ဖေဖော်ဝါရီ လကုန်ပိုင်းအထိ ၄၅၆၇ ဧက စိုက်ပျိုး ပြီးစီးပြီးဖြစ်ကြောင်း သိရှိရပါသည်။ အများဆုံး စိုက်ပျိုးသည့် စပါးမျိုးများမှု ဆင်းသုခ၊ ရတနာတိုး စပါး ရက် ၉၀ စပါးများ ဖြစ်ကြောင်း ၊နွေစပါးစိုက်ပျိုးရာတွင် သွင်းအားစုအနေဖြင့် မျိုး ၂ အိတ် ၊ တစ်အိတ်လျှင် ၄၀၀၀၀ ၊ မြေဆီ ၂ အိတ်ခွဲ တစ်အိတ်လျှင် ၁၂၀၀၀၀ ပေါင်းသတ်ဆေး ၄ လီတာ ဗူးကြီး တစ်ဗူးလျှင် ၄၆၀၀၀ ကျပ်၊ မျိုးကြဲရန်နှင့် ပေါင်းသတ်ဆေးပတ်ဖျန်းရန် လုပ်သားခ ၂ ကြိမ်၊ တစ်ကြိမ် ၈၀၀၀ ကျပ်၊ မြေယာပြုပြင် ထွန်ယက်ခြင်း ၂ ထပ်၊ တစ်ထပ်လျှင် ၄၀၀၀၀ ၊ စုစုပေါင်း တစ်ဧက ကုန်ကျစရိတ်မှာ ၅၂၂၀၀၀ ကျပ် ကုန်ကျကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)