Main menu

ဆိပ်ဖြူကုန်စည်ဒိုင်၌ မတ်လ(ဒုတိယ)ပတ်အတွင်း ကြက်သွန်နီဈေးအနည်းငယ်မြင့်တက်၍ အရောင်းအဝယ်ဖြစ်

Powered by Drupal

    ဆိပ်ဖြူမြို့၊ ကြက်သွန်နီအရောင်းအဝယ်ဖြစ်လျက်ရှိသော ကုန်စည်ဒိုင်နှင့်ကြက်သွန်နီပွဲရုံများတွင် ၂၀၂၃ခုနှစ်၊ မတ်လ(၈)ရက်နေ့မှ (၁၄)ရက်နေ့(ဒုတိယပတ်)အတွင်း ကြက်သွန်နီပင်စိုက်(အသစ်)များမှား တစ်ရက်လျှင် ပျမ်းမျှကြက်သွန်နီကုန်ချိန်ပိဿာ(၉)သောင်းခန့်၊ (၁)ပတ်အတွင်း စုစုပေါင်းပိဿာ (၅)သိန်းခန့် ကုန်စည်ဒိုင်/ပွဲရုံများသို့ ဝင်ရောက်အရောင်းအဝယ်လျက်ရှိကြောင်း သိရှိရသည်။

  ယခု(၁)ပတ်အတွင်း ကြက်သွန်နီ(၁)ပိဿာဈေးနှုန်းမှာ ထိပ်စ(ရှယ်)ကိုာ ကျပ် (၁၀၅၀ မှ ၁၀၂၅)ထိ၊ အလတ်စကိုာ ကျပ်(၁၀၀၀ မှ ၉၅၀)ထိ၊ အသေးစကိုာ ကျပ်( ၉၀၀ မှ  ၈၀၀)ထိဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခင် မတ်လ(ဒုတိယ)ပတ်တွင် ကြက်သွန်နီ ထိပ်စအမြင့်ဆုံးဈေးမှာ (၁)ပိဿာလျှင် ကျပ်(၁၀၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ယခု(၁)ပတ်တွင် ထိပ်စ(ရှယ်)တစ်ပိဿာလျှင် ကျပ် (၅၀)၊ အလတ်စနှင့်အသေးစတို့မှာ ကျပ်(၃၀)ခန့်စီ ဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

      ဆိပ်ဖြူမြို့မှ ကြက်သွန်နီများ၏ အခြားတိုင်းဒေသကြီးများသို့ စီးထွက်မှုမှာ ရန်ကုန်မြို့၊ ဘုရင့်နောင်ပွဲရုံ၊ ပြည်မြို့၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နှင့် မော်လမြိုင်မြို့နှင့် ပြည်ပပို့ကုန်အဖြစ် မြဝတီဝယ်လက်မှတစ်ဆင့် ဗီယက်နမ်နိုင်ငံ၊ မူဆယ်မြို့မှတစ်ဆင့်တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့လျက်ရှိပြီး ယခု(၁)ပတ်အတွင်း စုစုပေါင်းပျမ်းမျှပိဿာချိန် (၅)သိန်း၊ အိတ်အားဖြင့် (၁၄၂၈၅)အိတ်၊ တန်ချိန်အားဖြင့် (၃)သောင်းခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှ သိရှိရပါသည်။

       ဆိပ်ဖြူမြို့ ပတ္တမြားဈေးအတွင်းရှိ ဈေးတန်းများတွင် ကြက်သွန်နီ၏ အရွယ်အစားနှင့် အရည်အသွေးကိုလိုက်၍ (၁)ပိဿာလျှင် လက်ကားဈေး ကျပ်(၁၃၀၀/၁၀၀၀/၅၀၀)းဖြင့် အရောင်းအဝယ်ဖြစ်ပြီး ကြက်သွန်အနှံစိုက်(ဥ)များကို တစ်ပိဿာလျှင် ကျပ်(၃၀၀)ဖြင့် မြို့ပေါ်ရှိ ကြက်သွန်ကြော်လုပ်ငန်းသို့ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)