Main menu

စစ်တွေမြို့ မြို့မဈေး၌ အရောင်းအဝယ်ဖြစ်ပေါ်နေသော ကုန်ဈေးနှုန်းအခြေအနေ

Powered by Drupal

     ၂၀၂၃ ခုနှစ် မတ်လ စတုတ္ထပတ်အတွင်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့ မြို့မဈေး၌ ဆန်ဈေးနှုန်းမှာ ပထမပတ်ဈေးနှုန်းအတိုင်း အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိပြီး၊ စားဖိုဆောင်သီးနှံ ဈေးနှုန်းများအနည်းငယ်မြင့်တက်လာကြောင်း ဈေးဆိုင်များအား ကွင်းဆင်းမေးမြန်းမှုအရသိရသည်။  

        မတ် ပထမပတ်အတွင်း ပေါ်ဆန်း (အသစ်)ဆန် ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ်(၇၀၀၀၀ မှ ၇၂၀၀၀)၊ ဧည့်မထ ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ်(၅၈၀၀၀ မှ ၆၀၀၀၀)၊ ငစိန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ်(၅၆၀၀၀ မှ ၅၈၀၀၀)အတွင်း စားဖိုဆောင်သီးနှံများဖြစ်သော ကြက်သွန်ဖြူ (ရှမ်း) ၁၀ ပိဿာ တစ်အိတ် ကျပ်(၆၇၀၀၀ မှ ၆၈၀၀၀)အတွင်း၊ ကြက်သွန်ဖြူ(ကြူကုတ်) ၁၀ ပိဿာ တစ်အိတ် ကျပ် (၄၃၀၀၀ မှ ၄၄၀၀၀)အတွင်း ဂျင်း တစ် ပိဿာ ကျပ် (၂၂၀၀ မှ ၂၃၀၀) အတွင်း၊ ငရုပ်သီးခြောက် (အိန္ဒိယ) တစ်ပိဿာ ကျပ်(၁၃၀၀၀ မှ ၁၄၀၀၀) အတွင်း၊ ငရုပ်သီးခြောက် (ဒေသထွက်)  တစ်ပိဿာ ကျပ်(၂၀၀၀၀ မှ ၂၂၀၀၀) အတွင်း၊  ဂေါ်ဖီထုပ်(တစ်ထုပ်) ကျပ် (၆၀၀ မှ ၈၀၀) အတွင်း၊ ပန်းဂေါ်ဖီ (တစ်ပွင့်) ကျပ် (၅၀၀ မှ ၇၀၀) အတွင်း၊ ခရမ်းသီး (တစ်ပိဿာ) ကျပ် (၅၀၀ မှ ၇၀၀)အတွင်း၊ ခရမ်းချဉ်သီး(တစ်ပိဿာ)ကျပ်(၈၀၀ မှ ၁၀၀၀)အတွင်း လက်ကားဈေးတို့ဖြင့် အရောင်းအဝယ်ဖြစ်ပေါ်ခဲ့ကြောင်း ဆိုင်ခန်း ဈေးသည်များနှင့် ပွဲရုံဈေးသည်များထံမှ သိရှိရပါသည်။

       မတ်လ စတုတ္ထပတ်အတွင်း ပေါ်ဆန်း (အသစ်)ဆန် ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ်(၇၀၀၀၀ မှ ၇၂၀၀၀) ၊ ဧည့်မထ ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ်(၅၈၀၀၀ မှ ၆၀၀၀၀) ၊ ငစိန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ်(၅၆၀၀၀ မှ ၅၈၀၀၀) ၊ ကြက်သွန်ဖြူအသစ်(ရှမ်း) ၁၀ ပိဿာ တစ်အိတ် ကျပ်(၄၃၀၀၀ မှ ၄၅၀၀၀) ၊ ကြက်သွန်ဖြူ(ကြူကုတ်) ၁၀ ပိဿာတစ်အိတ် ကျပ် (၄၁၀၀၀ မှ ၄၂၀၀၀) ၊ ကြက်သွန်နီ ၁၀ ပိဿာ တစ်အိတ် ကျပ် (၁၃၀၀၀ မှ ၁၃၅၀၀) ၊ ဂျင်း တစ်ပိဿာ ကျပ် (၂၂၀၀ မှ ၂၃၀၀) ၊ ငရုတ်သီးခြောက် (အိန္ဒိယ)တစ်ပိဿာ ကျပ် (၁၃၀၀၀ မှ ၁၄၀၀၀) ၊ ငရုတ်သီးခြောက်(ဒေသထွက်) တစ်ပိဿာ ကျပ် (၁၇၀၀၀ မှ ၁၈၀၀၀) ၊ ဂေါ်ဖီထုပ်(တစ်ထုပ်) ကျပ် (၇၀၀ မှ ၉၀၀) ၊ ပန်းဂေါ်ဖီ (တစ်ပွင့်) ကျပ် (၈၀၀ မှ ၁၀၀၀) ၊ ခရမ်းသီး (တစ်ပိဿာ) ကျပ် (၈၀၀ မှ ၁၀၀၀) ၊ ခရမ်းချဉ်သီး တစ်ပိဿာကျပ်( ၁၀၀၀ မှ ၁၂၀၀) ၊ ငရုတ်သီးစိမ်း(ကျောက်စိမ်း) တစ်ပိဿာ ကျပ် (၃၃၀၀ မှ ၃၅၀၀) ၊ငရုတ်သီးစိမ်း(ဒေသထွက်) တစ်ပိဿာကျပ်( ၁၆၀၀ မှ ၁၈၀၀) လက်ကားဈေးတို့ဖြင့်အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိသည်၊ မတ်လ ပထမပတ်အတိုင်း ဆန်ဈေးနှုန်း ပုံမှန်အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိပြီး  စားဖိုဆောင်သီးနှံ ဈေးနှုန်းများအနည်းငယ်မြင့်တက်ကာ အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိကြောင်း ဈေးဆိုင်၊ ပွဲရုံများထံမှ သိရသည်။

DOCA(ရခိုင်)