Main menu

ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်နေသော ဆောင်းမြေပဲလုံးဆံ

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များပိုမိုခိုင်မာအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန်စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိရာ ၂၀၂၃ခုနှစ်၊ မတ်လ (တတိယပတ်) အတွင်း အရောင်းအဝယ်ဖြစ်သည့်သီးနှံဈေးနှုန်းများကို ရွှေဘိုမြို့၊ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။

   ရွှေဘိုခရိုင်အတွင်း စိုက်ပျိုးထားသောဆောင်းမြေပဲများကိုရိတ်သိမ်းပြီးဖြစ်၍ ဖေဖော်ဝါရီလ (စတုတ္ထပတ်) မှစတင်ပြီး ရွှေဘိုဈေးကွက်သို့ မြေပဲလုံးဆံများစတင်ဝင်ရောက်လာကြောင်း၊ မတ်လ (တတိယပတ်) အတွင်း မြေပဲလုံးဆံတစ်တင်းလျှင် (၉၉၂၀ဝိ/-) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၄၅၀)တင်း/(၁၀)တန်ဖြစ်ကြောင်း၊ ယခင်နှစ်ကာလတူ၌ မြေပဲလုံးဆံတစ်တင်းလျှင် (၅၇၆၀ဝိ/-) ကျပ်ပေါက်ဈေးရှိခဲ့ပြီး ယခင်အပတ်၌ မြေပဲလုံးဆံတစ်တင်းလျှင် (၉၉၂၀ဝိ/-) ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ရာ တစ်တင်းလျှင် (၄၁၆၀ဝိ/-) ကျပ်ဈေးပိုခဲ့ပြီး  ယခင်အပတ်နှင့် ယခုအပတ် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့မှာ တူညီနေပြီး ဈေးငြိမ်နေသော်လည်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)