Main menu

တမူးနယ်စပ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်မှုအခြေအနေ

Powered by Drupal

   တမူးနယ်စပ်ကုန်သွယ်ရေးစခန်းအနေဖြင့်  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုလျာထားချက်မှာပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း(၇၀.၀၀၀)၊ သွင်းကုန်ပမာဏ အမေရိကန် ဒေါ်လာသန်းပေါင်း(၃.၀၀၀)၊  စုစုပေါင်း ကုန်သွယ်မှုပမာဏ ကျပ်သန်း(၇၃.၀၀၀)ဖြစ်ပါသည်။ တမူး နယ်စပ်ကုန်သွယ်ရေးစခန်းမှ အိန္ဒိယနိုင်ငံသို့  ကုန်သွယ်မှုအနေဖြင့် ၂၀၂၂ခုနှစ်၊ ဧပြီလမှ ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ အထိ(၁၁)လတာကာလအတွင်း ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း(၉.၃၃၃)၊ သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း(၅.၄၂၆)၊ စုစုပေါင်းကုန်သွယ်မှုပမာဏ(၁၄.၇၅၉) ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ (၁)နှစ်စာ လျာထားချက်အပေါ်  (၂၀.၂၁၈)% ဆောင်ရွက်နိုင်ခဲ့ပြီး၊ ၂၀၂၂ခုနှစ်၊ ဧပြီလမှ ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလအထိ (၁၁)လတာ လျာထားချက်အပေါ် (၂၃.၀၆၁)% ဆောင်ရွက် နိုင်ခဲ့ပြီးဖြစ်ကြောင်း တမူးနယ်စပ် ကုန် သွယ်ရေးစခန်း၏ စာရင်းများအရ သိရပါသည်။

     ပို့ကုန်အနေဖြင့် (၄.၃.၂၀၂၃ မှ ၁၀.၃.၂၀၂၃))ရက်နေ့အထိ စီးကရက် တန်ချိန်အားဖြင့် ၆၁.၃၁၂တန်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း (၀.၁၃၁) တင်ပို့နိုင်ခဲ့ပြီး၊ (၁၁.၃.၂၀၂၃ မှ ၁၇.၃.၂၀၂၃)ရက်နေ့အထိ နန့်ဖာလုံကုန်စုံ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း (၀.၀.၅၃) တင်ပို့နိုင်ခဲ့ပါကြောင်း၊ သွင်းကုန်အနေဖြင့် (၄.၃.၂၀၂၃ မှ ၁၀.၃.၂၀၂၃)ရက်နေ့အထိ  ဓါတ်မြေဩဇာ တန်ချိန်အားဖြင့် ၃၀၀.၀၀၀တန်၊ တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာသန်း (၀.၁၂၀) တင်သွင်းနိုင်ခဲ့ပြီး၊ (၁၁.၃.၂၀၂၃ မှ ၁၇.၃.၂၀၂၃)ရက်နေ့အထိ  ဆံပင် တန်ချိန်အားဖြင့် ၆.၀၀၀တန်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း (၀.၀၂၁) တင်သွင်းနိုင်ခဲ့သည့်အတွက် ပို့ကုန်အ‌နေဖြင့် ယခင်ပတ်ကထက် အမေရိကန်ဒေါ်လာသန်း (၀.၀၇၈) လျော့နည်းတင်ပို့နိုင်ခဲ့ပြီး သွင်းကုန်အနေဖြင့် ယခင် ပတ်ကထက် အမေရိကန်ဒေါ်လာသန်း(၀.၀၉၉) လျော့နည်းတင်သွင်းနိုင်ခဲ့ပါကြောင်း  တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ လေ့လာသိရှိရပါသည်။

DOCA(စစ်ကိုင်း)