Main menu

အောင်လံကုန်စည်ဒိုင်၏ သီးနှံရောင်းဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

‌     အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် ယခင်အပတ်(၁၅-၃-၂၀၂၃)ရက်နေ့တွင် နှမ်းနက်(စမုံ)(၄၅)ပိဿာဝင်(၁)အိတ်လျှင် ကျပ်(၂၅၀၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ် (၂၁-၃-၂၀၂၃) ရက်နေ့တွင်လည်း ကျပ် (၂၅၀၀၀၀)ဖြစ်နေကြောင်း၊ နှမ်းဖြူတစ်အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၂၆၀၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင်လည်း ကျပ်(၂၆၀၀၀၀)ဖြစ်နေကြောင်း၊ နှမ်းပြာတစ်အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၂၃၀၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင်လည်း ကျပ်(၂၃၀၀၀၀)ဖြစ်နေကြောင်း၊ နှမ်းနီတစ်အိတ်လျှင် ယခင်အပတ်တွင် ကျပ် (၂၆၀၀၀၀) ဖြစ်ခဲ့ပြီး ယခုအပတ်တွင်လည်း ကျပ်(၂၆၀၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ အရောင်းအဝယ်ပမဏအနေဖြင့် (၄၅) ပိဿာဝင်အိတ်ဖြင့် နှမ်းနက်(စမုံ)(၃၈၀)အိတ်၊ နှမ်းပြာ(၁၇၀)အိတ်၊ နှမ်းဖြူ(၈၅)အိတ်နှင့် နှမ်းနီ(၁၂၅)အိတ်တို့ အရောင်းအဝယ်ရှိခဲ့ကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။

  ပဲမျိုးစုံဈေးကွက်တွင် ပဲစင်းငုံ(နီ)(၂၀)ပိဿာဝင်(၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၇၀၂၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၇၅၅၀၀)ဖြစ်၍ ကျပ်(၅၃၀၀)ဈေးမြှင့်ခဲ့ကြောင်း၊ မတ်ပဲတစ်တင်းလျှင် ယခင်အပတ်တွင် ကျပ်(၆၂၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၆၄၅၀၀)ဖြစ်၍ ကျပ်(၂၅၀၀)ဈေးမြှင့်ခဲ့ကြောင်း၊ ကုလားပဲ (HL) တစ်တင်းနှင့် ကုလားပဲ(မြကြေး)တစ်တင်းလျှင်  ယခင်အပတ်တွင် ကျပ်(၇၁၅၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၇၄၅၀၀)ဖြစ်၍ ကျပ်(၃၀၀၀)စီဈေးမြှင့်ခဲ့ကြောင်း၊ ဘိုကိတ်ပြာတစ်တင်းလျှင် ယခင်အပတ်တွင် ကျပ်(၄၄၀၀၀) ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၄၅၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀)ဈေးမြှင့်ခဲ့ကြောင်း၊ ပဲကြီးတစ်တင်းလျှင် ယခင်အပတ် တွင် ကျပ်(၈၁၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၈၃၀၀၀)ဖြစ်၍ ကျပ်(၂၀၀၀)စသည်ဖြင့် အသီးသီးဈေးမြှင့်ခဲ့ပါသည်။  အရောင်းအဝယ်ပမာဏအနေဖြင့် (၃၀) ပိဿာဝင်အိတ်ဖြင့် ပဲစင်းငုံ(နီ)(၂၂၀၀)အိတ်၊ မတ်ပဲ(၃၀၀)အိတ်၊ ကုလားပဲ (HL) (၁၃၅၀)အိတ်၊ ကုလားပဲ(မြကြေး)(၉၀၀)အိတ်၊ ဘိုကိတ်ပြာ(၁၈၀)အိတ်နှင့် ပဲကြီး(၄၈၀)အိတ်တို့ အရောင်းအဝယ်ရှိခဲ့ကြောင်း သိရှိရပါသည်။

      မြေပဲလုံးဆံ(နီ)တစ်ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၇၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၇၀၇၅)ဖြစ်၍ ကျပ်(၇၅)ဈေးမြှင့်ခဲ့ကြောင်း၊ မြေပဲလုံးဆံ(ဖြူ)တစ်ပိဿာလျှင်  ယခင်အပတ်တွင် ကျပ်(၅၉၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၆၁၀၀)ဖြစ်၍ ကျပ်(၂၀၀) ဈေးမြှင့်ခဲ့ကြောင်း၊ မြေပဲတောင့်အစို(၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၂၂၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၂၃၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀) စသည်ဖြင့် အသီးသီးဈေးမြှင့်ခဲ့ပါသည်။ အရောင်းအဝယ်ပမာဏအနေဖြင့် (၃၀)ပိဿာဝင်အိတ်ဖြင့် မြေပဲလုံးဆံ(နီ)(၃၂၀)အိတ်၊ မြေပဲလုံးဆံ(ဖြူ)(၄၅၀)အိတ်နှင့် မြေပဲတောင့်အစိုတင်း(၃၂၀၀)ခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း သိရှိခဲ့ရပါသည်။

  ဝါသီးနှံဈေးကွက်တွင်လည်း (၁)ပိဿာလျှင် ယခင်အပတ်တွင်ကျပ်(၃၂၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၃၁၀၀)ဖြစ်၍ ကျပ်(၁၀၀)ဈေးလျော့ခဲ့ပြီး ဝါပိဿာချိန်(၂၂၀၀၀)ခန့်အရောင်းအဝယ်ရှိခဲ့ပါကြောင်း၊ နှမ်းသီးနှံ၊ ပဲမျိုးစုံနှင့် ဝါသီးနှံတို့အား မန္တလေးမြို့သို့တင်ပို့ရောင်းချလျက်ရှိပါကြောင်းနှင့် ဘိုကိတ်ပြာကို ရန်ကုန်မြို့သို့တင်ပို့ရပါကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)