စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးရှိ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဦးမျိုးဝင်းနိုင်ဦးစီးအရာရှိသည် (၂၄-၃-၂၀၂၃) ရက်နေ့၊ (၀၈:၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်၊အစိုးရနည်းပညာအထက်တန်းကျောင်း (ဘားအံ) တွင် ကျင်းပပြုလုပ်သည့် ပေါင်မုန့်၊ ကိတ်မုန့်အမျိုးမျိုးနှင့် မုန့်ခြောက်အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါသင်တန်းကို သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာလေ့ကျင့်ရေးဦးစီးဌာနနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းတို့ပူးပေါင်း၍ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ အလုပ်အကိုင်အခွင့်အလမ်းဖြစ်ပေါ်လာစေရေး၊ ဆင်းရဲမွဲတေမှုလျှော့ချရေးတို့အားရည်ရွယ်၍ ဒေသနှင့် ကိုက်ညီသည့် အသက်မွေးဝမ်းကျောင်းပညာရပ်များကို သင်တန်းပို့ချသင်ကြားပေးခြင်းဖြစ်ကြောင်း သိရပါသည်၊၊
သင်တန်းသည် (၁၉-၃-၂၀၂၃) ရက်နေ့မှ (၂၄-၃-၂၀၂၃) ရက်နေ့ထိ ပေါင်မုန့်၊ ကိတ်မုန့်အမျိုးမျိုးနှင့် မုန့်ခြောက်အမျိုးမျိုး၊ ငါးမုန့်၊ စာလေးခွေ၊ ကွတ်ကီးအမျိုးမျိုးပြုလုပ်နည်းကို စာတွေ့လက်တွေ့ ၅ ရက်တာသင်ကြားပေးခြင်းဖြစ်ကာ ကရင်ပြည်နယ်၊ ဘားအံမြို့နှင့် အနီးအတဝိုက်ကျေးရွာများမှ သင်တန်းသား/သင်တန်းသူ ၂၀ ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ကရင်)