Main menu

မိတ္ထီလာစျေးကွက်တွင် ကြက်သွန်နီစျေးငြိမ်နေ

Powered by Drupal

     မိတ္ထီလာစျေးကွက်တွင် ၂၀၂၃ခုနှစ်၊ မတ်လ (တတိယပတ်) အတွင်း နယ်ဝေးဒေသများသို့ ကြက်သွန်နီများကိုပုံမှန်တင်ပို့နေပြီး ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက စျေးငြိမ်နေပါသည်။ မတ်လဆန်းပိုင်းက အစောထွက်ရှိသောဆောင်းကြက်သွန်နီများကိုသာ နယ်ဝေးသို့တင်ပို့နေပြီး ယခုမတ်လလယ်ပိုင်းမှ စတင်ရိတ်သိမ်းသောကြက်သွန်နီမှာ ဒေသတွင်းတောင်သူကြီးများနှင့် ကုန်သည်လှောင်လက်သမားများက သိုလှောင်ထားကြောင်း သိရပါသည်။ မတ်လ (တတိယပတ်) အတွင်း မိတ္ထီလာမှ ရန်ကုန်သို့ (၁၂) ဘီးကား (၆) စီးကို အခြားကုန်များနှင့် ရောနှောတင်ပို့ရာ ကုန်ချိန် (၄၈) တန်ဝန်းကျင်၊ ပဲခူးသို့ (၆) ဘီးကား (၁၂) စီးကိုလည်း အခြားကုန်များနှင့်ရော၍ စုစုပေါင်းကုန်ချိန် (၅၈) တန်၊ မောင်လမြိုင်သို့ (၁၂) ဘီးကား (၂) စီးကို သီးသန့်ကုန်အဖြစ် တင်ပို့ခဲ့ပါသည်။ ကုန်တင်ခမှာ တစ်ပိဿာလျှင် မိတ္ထီလာ-ရန်ကုန် (၁၀၅)ကျပ်၊ မိတ္ထီလာ-ပဲခူး (၁၀၀) ကျပ်၊ မိတ္ထီလာ-မော်လမြိုင် (၁၄၀) ကျပ်ရှိကြောင်း သိရပါသည်။ ကြက်သွန်နီတစ်ပိဿာလျှင် လက်ကားစျေးမှာ ယခင်တစ်ပတ်နှင့်ကွာခြားမှုမရှိဘဲ (၁၀၀၀-၁၁၀၀) ကျပ်ရှိကြောင်း စျေးကွက်မှသိရပါသည်။

DOCA(မန္တလေး)