Main menu

ဈေးကွက်အတွင်းရှိ စတော်ဘယ်ရီသီးဈေးနှုန်း

Powered by Drupal

    ရာသီပေါ်သီးနှံတစ်မျိုးဖြစ်သော စတော်ဘယ်ရီသီးကို ဈေးကွက်အတွင်း ကျယ်ပြန့်စွာရောင်းချလျက်ရှိပြီး စတော်ဘယ်ရီသီးကို ကယားပြည်နယ်၊ လွိုင်ကော်မြို့ပေါ်ရှိ ရေနီကန်ကျေးရွာနှင့် လောဓမ္မရပ်ကွက်တို့တွင် စတော်ဘယ်ရီသီးများကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိရာ တောင်ကြီးဘက်မှလည်းဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

       ဈေးကွက်အတွင်းဖြစ်ပေါ်နေသော စတော်ဘယ်ရီသီးဈေးနှုန်းမှာ ယခု ၂၀၂၃ခုနှစ်၊ မတ်လ (စတုတ္တပတ်) တွင် တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်မှ (၁၂၅၀၀) ကျပ်ထိရောင်းချလျက်ရှိပြီး ယခင်ဖေဖော်ဝါရီလ (စတုတ္တပတ်) တွင် တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်မှ (၁၄၀၀၀) ကျပ်အထိရောင်းချခဲ့ပြီး ယခုမတ်လ (စတုတ္တပတ်) နှင့် ယခင်ဖေဖော်ဝါရီလ (စတုတ္တပတ်) ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ရာ စတော်ဘယ်ရီသီးတစ်ပိဿာလျှင် (၁၅၀၀) ကျပ်ခန့်ထိကျဆင်းလာကြောင်း‌ နောင်ယားဈေးအတွင်းရှိ စတော်ဘယ်ရီသီးရောင်းချနေသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(ကယား)