Main menu

ပြည်နယ်အတွင်း၌ ကုန်သွယ်မှုအခြေအနေ

Powered by Drupal

     ကယားပြည်နယ်တွင် ကုန်စည်များပုံမှန်လည်ပတ်လျက်ရှိလာသဖြင့် အခြားဒေသများမှ ပြည်နယ်အတွင်းသို့ ၂၀၂၃ခုနှစ်၊ မတ်လ (ဒုတိယပတ်)၌ ဆန်တင်သွင်းမှုမှာ (၁၆၂၀) အိတ်/ (၈၁) တန်၊ ဆီတင်သွင်းမှုမှာ (၇၀) ပုံး၊ ကြက်သွန်နီတင်သွင်းမှုမှာ (၄၀၀) အိတ်၊ ငရုတ်သီးတင်သွင်းမှုမှာ (၆၀) အိတ် အချိုရည်ကား(၂)စီးး၊ ကြက်ဥ (၃၆၆၀) ကဒ်၊ ကုန်မျိုးစုံ (၂၁) စီးတင်သွင်းခဲ့ပြီး ကယားပြည်နယ်မှ အခြားပြည်နယ်သို့ ဆန်တင်ပို့မှုမှာ (၁၂၀) အိတ် (၆) တန်၊ ပဲစင်းငုံတင်ပို့မှုမှာ (၈၃၆) အိတ်/(၄၁.၈) တန်၊ နှမ်းတင်ပို့မှုမှာ (၃၇၀) အိတ်/(၂၄.၆၆) တန်၊ ပြောင်းတင်ပို့မှုမှာ (၆၉၅) အိတ်/(၃၄.၀၄) တန်၊ ငှက်ပျောသီးကား(၆)စီး၊ မန်ကျည်းသီးကား(၆)စီးတင်ပို့နိုင်ခဲ့ကြောင်း၊ တတိယပတ်တွင် အခြားဒေသများမှ ပြည်နယ်အတွင်းသို့ ဆန်တင်သွင်းမှုမှာ (၇၁၅) အိတ်/(၃၀.၇၅) တန်၊ ကုန်မျိုးစုံ(၆)စီး၊ ကြက်ဥ (၉၁)ဖာ၊ ကုန်စည်များဝင်ရောက်မှုမှာ လျော့နည်းလာကြောင်း ပြည်နယ်မှ အခြားမြို့သို့တင်ပို့မှုမှာ ပြောင်း (၆၀၀) အိတ်/ (၂၉.၃၉) တန်၊ ငှက်ပျောကား (၁) စီးတင်ပို့နိုင်ကြောင်း ယခင်ပတ်နှင့်ယခုပတ်နှိုင်းယှဉ်ရာ ကုန်စည်များတင်သွင်း/တင်ပို့မှုမှာ လျော့နည်းလာကြောင်း မြို့ဦးဂိတ်စာရင်းများအရ သိရှိရပါသည်။

DOCA(ကယား)