Main menu

လွိုင်ကော်မြို့တွင်ဖြစ်ပေါ်နေသော အခြေခံစားကုန်ဈေးနှုန်းများ

Powered by Drupal

   ၂၀၂၃ခုနှစ်၊ မတ်လ (စတုတ္ထပတ်) အတွင်း လွိုင်ကော်မြို့တွင် ဖြစ်ပေါ်နေသော အခြေခံစားကုန်များ၏ဈေးနှုန်းများမှာ ဧည့်မထဆန်တစ်ပြည်လျှင် ၃၄၀၀ကျပ်၊ ငစိန်ဆန်တစ်ပြည်လျှင် ၂၈၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ စားအုန်းဆီတစ်ပိဿာလျှင် ၈၆၀၀ကျပ်၊ ပဲဆီတစ်ပိဿာလျှင် ၁၃၅၀၀ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် ၁၃၀၀၀ကျပ်၊ နေကြာဆီတစ်ပိဿာလျှင် ၁၄၀၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီတစ်ပိဿာလျှင် ၂၀၀၀ကျပ်၊ ကြက်သွန်ဖြူ( ရှမ်း )တစ်ပိဿာလျှင် ၄၅၀၀ကျပ်၊ ကြက်သွန်ဖြူ( ကြူကုတ် )တစ်ပိဿာလျှင် ၅၂၀၀ကျပ်၊ ချင်းတက်တစ်ပိဿာလျှင် ၁၈၀ကျပ်၊ ဆားတစ်ပိဿာလျှင် ၆၀၀ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ၂၀၀၀ကျပ်၊ အာလူးတစ်ပိဿာလျှင် ၂၃၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

    ကြက်ဥအလုံးလတ်တစ်လုံးလျှင် ၂၃၀ကျပ်နှင့် အလုံးကြီးတစ်လုံးလျှင် ၂၄၀ကျပ်၊ ဘဲဥအလုံးလတ်တစ်လုံးလျှင် ၂၈၀ကျပ်နှင့် အလုံးကြီးတစ်လုံးလျှင် ၃၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ လွိုင်ကော်မြို့၏ အသားငါးဈေးနှုန်းများမှာ ကြက်သား (CP) တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်၊ ဝက်သားတစ်ပိဿာလျှင် ၁၆၀၀၀ကျပ်၊ အမဲသားတစ်ပိဿာလျှင် ၁၈၀၀၀ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင် ၂၆၀၀၀ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် ၁၀၀၀၀ကျပ်နှင့် ငါးမြစ်ချင်းတစ်ပိဿာလျှင် ၉၀၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ကယား)