Main menu

ချောက်မြို့မစျေး၌ ရောင်းချလျက်ရှိသော စျေးနှုန်းအခြေအနေ

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်ရှိ မြို့မဈေးသည် အနီးပတ်ဝန်းကျင်ကျေးရွာများမှ နေ့စဉ်လာရောက်သည့်အပြင် ဆိပ်ဖြူနှင့် ယောဒေသမှ စားသုံးသူများကလည်း လာရောက်ရောင်းဝယ်ဖောက်ကားရာဈေးဖြစ်ပါသည်။

  အဆိုပါဈေးတွင် ၂၀၂၃ခုနှစ်၊ မတ်လ (၂၀)ရက်နေ့မှ (၂၃)ရက်နေ့အတွင်း ရောင်းချလျက်ရှိသောဈေးနှုန်းများမှာ ခရမ်းချဉ်သီး(၁)ပိဿာလျှင် ကျပ်(၁၂၀၀-၁၄၀၀)၊ ဂေါ်ဖီ(၁)ထုပ်လျှင် ကျပ်(၆၀၀-၈၀၀)၊ ပန်းဂေါ်ဖီပွင့်(၁)ပွင့်လျှင် ကျပ်(၅၀၀-၁၂၀၀)၊ ပန်းဂေါ်ဖီစိမ်း(၁)ပွင့်လျှင် ကျပ်(၅၀၀-၁၂၀၀)၊ ဘူးသီး(၁)လုံးလျှင် ကျပ်(၃၀၀-၅၀၀)၊ ပဲထောင့်ရှည်(၁)ပိဿာလျှင် ကျပ်(၂၅၀၀)၊ အာလူး(၁)ပိဿာလျှင် ကျပ်(၂၂၀၀)၊ မုန်ညှင်းထုပ်(၁)ပိဿာလျှင် ကျပ်(၂၀၀၀)၊ ကန်စွန်းရွက်(၁)စည်းလျှင် ကျပ်(၅၀)၊ ချဉ်ပေါင်ရွက်(၁)စည်းလျှင် ကျပ်(၇၀)၊ ကြက်သွန်နီ(၁)ပိဿာလျှင် ကျပ်(၁၂၀၀-၁၃၀၀)၊ ကြက်သွန်ဖြူ (ကြူကုတ်) (၁)ပိဿာလျှင် ကျပ်(၄၅၀၀)၊ ကြက်သွန်ဖြူ(ဗမာ)(၁)ပိဿာလျှင် ကျပ်(၄၅၀၀)၊ ခရမ်းချဉ်သီး(၁)ပိဿာလျှင် ကျပ်(၁၂၀၀)၊ ခါကြက်ဥ(၁)ပိဿာလျှင် ကျပ်(၂၀၀၀)၊ ပဲပင်ပေါက်(၁)ပိဿာလျှင် ကျပ်(၁၄၀၀)၊ ငရုတ်သီးစိမ်း(၁)ပိဿာလျှင် ကျပ်(၄၀၀၀)၊ မရမ်းသီး(၁)ပိဿာလျှင် ကျပ်(၅၈၀၀-၆၀၀၀)၊ မျှစ်ပေါက်(၁)ပိဿာလျှင် ကျပ်(၁၈၀၀)၊ ကြက်ဟင်းခါးသီး(၁)ပိဿာလျှင် ကျပ်(၂၅၀၀)၊ ရွှေဖရုံသီး(၁)ပိဿာလျှင် ကျပ်(၁၀၀၀)၊ ရုံးပတီသီး(၁)ပိဿာလျှင် ကျပ်(၃၀၀၀)၊ ဗိုလ်စားပဲသီး(၁)ပိဿာလျှင် ကျပ်(၃၀၀၀)၊ မာလကာသီး(၁)ပိဿာလျှင် ကျပ်(၂၀၀၀)၊ ခရမ်းကျွတ်သီး(၁)ပိဿာလျှင် ကျပ်(၁၆၀၀)၊ ပြောင်းဖူး(၁)ဖူးလျှင် ကျပ်(၃၅၀)၊ သခွါးသီး(၁)လုံးလျှင်း ကျပ်(၂၀၀-၅၀၀)၊ ဂေါရခါးသီး(၁)လုံးလျှင် ကျပ်(၂၅၀-၃၀၀)၊ မုန်လာဥ(၁)ဥလျှင် ကျပ်(၁၀၀)၊ ဆလပ်ရွက်(၁)ပင်လျှင် ကျပ်(၁၀၀)၊ မုန်ညှင်းဝါ(၁)စည်းလျှင် ကျပ်(၂၀၀)၊ ကင်ပွန်းချဉ်(၁)စည်းလျှင် ကျပ်(၁၅၀)၊ မြေပဲဆံ(၁)ပြည်လျှင် ကျပ်(၆၀၀၀)၊ ကုလားပဲ(၁)ပြည်လျှင် ကျပ်(၆၀၀၀)၊ ပဲဆီ(၁)ပိဿာလျှင် ကျပ်(၁၂၀၀၀-၁၃၅၀၀)၊ နှမ်းဆီ(၁)ပိဿာလျှင် ကျပ်(၁၁၅၀၀-၁၄၀၀၀)နှင့် စားအုန်းဆီ(၁)ပိဿာလျှင် ကျပ်(၇၀၀၀) စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)