Main menu

တမူးနယ်စပ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်မှုအခြေအနေ

Powered by Drupal

တမူးနယ်စပ်ကုန်သွယ်ရေးစခန်းအနေဖြင့်  (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုလျာထားချက်အနေဖြင့် ပို့ကုန်ပမာဏမှာ အမေရိကန်ဒေါ်လာသန်းပေါင်း (၇၀.၀၀၀)သန်း၊ သွင်းကုန်ပမာဏမှာ အမေရိကန် ဒေါ်လာသန်းပေါင်း (၃.၀၀၀)သန်း၊  စုစုပေါင်းကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာသန်းပေါင်း (၇၃.၀၀၀)သန်းဖြစ်ပါသည်။ တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ အိန္ဒိယနိုင်ငံသို့  ကုန်သွယ်မှုအနေဖြင့် ၂၀၂၂ခုနှစ်၊ ဧပြီလမှ ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလအထိ(၁၁)လတာကာလအတွင်း ပို့ကုန်ပမာဏမှာ အမေရိကန်ဒေါ်လာသန်းပေါင်း(၉.၃၃၃)သန်း၊ သွင်းကုန်ပမာဏမှာ အမေရိကန်ဒေါ်လာသန်းပေါင်း (၅.၄၂၆)သန်း၊ စုစုပေါင်းကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာသန်းပေါင်း (၁၄.၇၅၉)သန်းဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ (၁)နှစ်စာလျာထားချက်အပေါ်  (၂၀.၂၁၈)% ဆောင်ရွက်နိုင်ခဲ့ပြီး၊ ၂၀၂၂ခုနှစ်၊ ဧပြီလမှ ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလအထိ (၁၁)လတာ လျာထားချက်အပေါ် (၂၃.၀၆၁)%ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း တမူးနယ်စပ်ကုန် သွယ်ရေးစခန်း၏စာရင်းများအရ သိရပါသည်။

ပို့ကုန်အနေဖြင့် (၁၁-၃-၂၀၂၃ မှ ၁၇-၃-၂၀၂၃)ရက်နေ့အထိ နန့်ဖာလုံကုန်စုံတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း (၀.၅၃)သန်းတင်ပို့နိုင်ခဲ့ပါကြောင်း၊ (၁၈-၃-၂၀၂၃ မှ ၂၄-၃-၂၀၂၃)ရက်နေ့ထိ နန့်ဖာလုံကုန်စုံတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း (၀.၅၄)သန်းတင်ပို့နိုင်ခဲ့ပါကြောင်း၊ သွင်းကုန်အနေဖြင့် (၁၁-၃-၂၀၂၃ မှ ၁၇-၃-၂၀၂၃)ရက်နေ့အထိ  ဆံပင်တန်ချိန်အားဖြင့် ၆.၀၀၀တန်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း (၀.၀၂၁)သန်းတင်သွင်းနိုင်ခဲ့ပြီး (၁၈-၃-၂၀၂၃ မှ ၂၄-၃-၂၀၂၃) ရက်နေ့အထိ  ဆံပင်တန်ချိန်အားဖြင့် ၆.၈၄၀တန်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း (0.02၆)သန်းတင်သွင်းနိုင်ခဲ့သည့်အတွက် ပို့ကုန်အ‌နေဖြင့် ယခင်အပတ်ကထက် အမေရိကန်ဒေါ်လာသန်း (၀.၀၀၁)သန်းပိုမိုတင်ပို့နိုင်ခဲ့ပြီး သွင်းကုန်အနေဖြင့် ယခင်အပတ်ထက် အမေရိကန်ဒေါ်လာသန်း (၀.၀၀၅)သန်းပိုမိုတင်သွင်းနိုင်ခဲ့ပါကြောင်း  တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ လေ့လာသိရှိရပါသည်။

DOCA(စစ်ကိုင်း)