Main menu

ပြည်ကုန်စည်ဒိုင်၏ ပဲဈေးကွက်ပြောင်းလဲမှု

Powered by Drupal

     ပြည်ကုန်စည်ဒိုင်တွင် ပြည်ပသို့တင်ပို့မှုရှိသောပဲများမှာ အရောင်းသွက်လျက်ရှိပြီး ပဲဈေးများမှာ မြင့်တက်လျက်ရှိကြောင်း သိရပါသည်။ မတ်လအစမှစ၍ ပြည်ပပို့ကုန်ဈေးများမြင့်လျက်ရှိကြောင်း သိရှိရပါသည်။

      ၂၀၂၃ခုနှစ်၊ မတ်လ (ဒုတိယပတ်) တွင် မတ်ပဲဈေးမြင့်လာပြီး ပဲတစ်တင်းလျှင် (၆၄၀၀၀-၆၅၀၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ တတိယပတ်၌ ထောပတ်ပဲဈေးပိုတက်လာရာ ပဲတစ်တင်းကို (၆၆၅၀၀-၆၇၀၀၀)ကျပ်ဖြင့် တစ်ရက်လျှင် အိတ်(၄၀၀)ခန့် ရန်ကုန်သို့တင်ပို့မှု ရှိခဲ့ပါသည်။

     မတ်လ (ဒုတိယပတ်) ပဲစင်းငုံတစ်တင်းကို (၇၁၅၀၀-၇၂၀၀၀) ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ်(၃၀၀)ခန့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။ မတ်လ (တတိယပတ်) တွင် ပဲစင်းငုံဈေးမြင့်တက်လာပြီး ပဲတစ်တင်းကို (၇၄၅၀၀-၇၅၀၀၀)ကျပ်ဈေးဖြင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ်(၃၀၀/၄၀၀)ခန့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။

     မတ်လ (ဒုတိယပတ်) တွင် ကုလားပဲ(HL) တစ်တင်းကို (၇၃၀၀၀-၇၄၀၀၀)ကျပ်၊ ကုလားပဲ (မြကြေးမှုံ)တစ်တင်းကို (၇၃၀၀၀-၇၃၅၀၀)ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်လျှင် အိတ်(၂၀၀/၃၀၀)ခန့် အဝယ်ရှိခဲ့ပါသည်။ မတ်လ (တတိယပတ်) တွင် ကုလားပဲ (HL) တစ်တင်းကို (၇၄၀၀၀)ကျပ်၊ ကုလားပဲ (မြကြေးမှုံ) တစ်တင်းကို (၇၄၅၀၀-၇၅၀၀၀)ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားများ အဝယ်တစ်ရက်လျှင် (၄၀၀/၅၀၀)ခန့် အဝယ်ရှိခဲ့ပါသည်။

    မတ်လ (ဒုတိယပတ်) တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲကြီးတစ်တင်းလျှင် (၈၂၀၀၀-၈၃၀၀၀)ကျပ်ဖြင့် မြို့တွင်းပဲကြော်သမားများ အဝယ်ရှိခဲ့ပါသည်။ မတ်လ (တတိယပတ်) တွင် ပဲကြီးဈေးမြင့်တက်လာပြီး ပဲကြီး(ကုန်းချော)တစ်တင်းလျှင် (၈၀၀၀၀-၈၂၀၀၀) ကျပ်၊ ပဲကြီး (အာမဲ) တစ်တင်းကို (၇၈၀၀၀)ကျပ် ဈေးဖြင့်မြို့တွင်းအဝယ်နှင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ် (၃၀၀/၄၀၀)ခန့် အဝယ်ရှိခဲ့ပါသည်။

      မတ်လ (ဒုတိယပတ်) တွင် စားတော်ပဲ(ကျွန်း)တစ်တင်းကို (၁၁၀၀၀၀-၁၁၃၀၀၀)ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်လျှင် အိတ် (၁၀၀)ခန့် မြို့တွင်းအဝယ်ရှိခဲ့ပါသည်။ မတ်လ (တတိယပတ်) တွင် စားတော်ပဲ(ကျွန်း)တစ်တင်းကို ယခင်အပတ်ကအတိုင်း ဈေးအေးနေခဲ့ပြီး တစ်ရက်လျှင် အိတ် (၁၀၀)ခန့် အဝယ်ရှိပါသည်။

     မတ်လ (ဒုတိယပတ်) တွင် ဘိုကိတ်ပဲတစ်တင်းကို (၄၇၀၀၀)ကျပ်ဖြင့် မြို့တွင်းနှင့် တစ်ခါတစ်ရံ ရန်ကုန်အဝယ်ရှိခဲ့ပြီး တစ်ရက်လျှင် အိတ်(၅၀/၁၀၀)ခန့် အဝယ်ရှိခဲ့ပါသည်။ မတ်လ (တတိယပတ်) တွင် ဘိုကိတ်ပဲတစ်တင်းလျှင် (၄၇၀၀၀)ကျပ်ဖြင့် ဈေးအေးနေခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)