Main menu

တောင်ငူမြို့မှ စိမ်းစိမ်းစိုပျိုးဥယျာဉ်

Powered by Drupal

   တောင်ငူမြို့ရှိ စိမ်းစိမ်းစို ပျိုးဥယျာဉ်တွင် ပျိုးပင်များစွာရှိသည့်အနက် လူအများ စိုက်ပျိုးလေ့ရှိသည့်ပန်းပျိုးပင်များဖြစ်သည့် ခေါင်ရမ်းပန်း၊ ဇော်မွှေးပန်း၊ သစ်ခွပန်း၊ ရွက်လှပန်းမျိုးစုံ၊ ဆယ့်နှစ်ရာသီ ကံ့ကော်ပန်းများနှင့် ခရစ္စမတ်ပင်များမှာ အရောင်းသွက်လျက်ရှိပါသည်။

     ထိုပန်းပျိုးပင်များမှာ ဈေးကွက်အတွင်းတွင် အရောင်းသွက်လျက်ရှိရာ ခေါင်ရမ်းပန်းပျိုးပင် တစ်ထုပ်လျှင် ၂၅၀၀ကျပ်၊ ဇော်မွှေးပန်းပင်ပျိုးထုပ်တစ်ထုပ်လျှင် ၂၅၀၀ ကျပ်၊ သစ်ခွပန်း ပျိုးပင် တစ်ထုပ်လျှင် ၂၅၀၀ ကျပ်၊ ရွက်လှပန်း ပျိုးပင်တစ်ထုပ်လျှင် ၇၀၀၀ ကျပ်၊ ဆယ့်နှစ်ရာသီ ကံ့ကော်ပန်းပျိုးပင်တစ်ထုပ်လျှင် ၃၀၀၀၀ကျပ် ဖြင့်လည်းကောင်း၊ ခရစ္စမတ်ရာသီတွင် ရောင်းအား ကောင်းလျက်ရှိသော ခရစ္စမတ်ပျိုးပင်တစ်ထုပ်လျှင် ၁၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း ရောင်းချပေးလျက်ရှိပါသည်။

     စိမ်းစိမ်းစို ပျိုးဥယျာဉ်တွင် မျိုးပေါင်းနှစ်ရာကျော်ရှိကြောင်းနှင့် အချို့ပျိုးပင်များအား ကိုယ်ပိုင်မြေကွက်တွင် စိုက်ပျိုးပြီး ပျိုးထုပ်လေးများထုပ်ကာ ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)