Main menu

ကော့လုံကျွန်း၏ ဖူးစားပြောင်းဖူးဈေးနှုန်း

Powered by Drupal

  ကရင်ပြည်နယ်၊ ကော့လုံကျွန်းမှထွက်ရှိသော ဖူးစားပြောင်းများမှာ ၁ဖူးလျှင် ၂၅၀ကျပ်၊ ၅ဖူးလျှင် ၁၀၀၀ကျပ်ဖြင့် ဘားအံမြို့၊ ရေပေါ်ဈေးတွင် အရောင်းအဝယ်သွယ်လျက်ရှိကြောင်း သိရပါသည်။

     ကရင်ပြည်နယ်တွင် ဆောင်းသီးနှံဖြစ်သော ဖူးစားပြောင်းများကို အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင်စိုက်ပျိုးပြီး ဖေဖော်ဝါရီလနှင့် မတ်လအတွင်းရိတ်သိမ်းကြောင်းနှင့် (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ်အတွင်း ပြည်နယ်ချုပ်ဖူးစားပြောင်း (ဆောင်း) စိုက်ဧက ၅၇၀၈ ဧက၊ ရိတ်သိမ်းဧက ၁၀၂၁ဧကဖြစ်ကာ  တစ်ဧကလျှင်  အထွက်နှုန်းမှာ ၉၆၄၁ ဖူး၊ စုစုပေါင်း အထွက်နှုန်းမှာ ၉၈၄၃၄၆၁ဖူးဖြစ်ကြောင်း၊ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ ကော့လုံကျွန်းသည် နုန်းတင်မြေနုကျွန်းအမျိုးအစားဖြစ်ပြီး သဘာဝမြေဆီတင်ကျန်ရရှိမှုကောင်းမွန်သောကြောင့် သီးနှံများစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းကြောင်းနှင့် ကော့လုံကျွန်းထွက် ဖူးစားပြောင်းများမှာ အရသာနူးညံ့ချိုသာ၍ ဒေသတွင်းအရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ကရင်)