စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၉-၃-၂၀၂၃) ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန်တွင် လွိုင်ကော်မြို့၊ သီရိမဂႅလာဈေးအတွင်းရှိ အသားငါး/ကြက်ဥ/ဘဲဥရောင်းချနေသောဆိုင်များသို့ အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥများသန့်ရှင်းလတ်ဆက်မှုရှိ/မရှိနှင့် သန့်ရှင်းသောရောင်းချခြင်းစနစ်ရှိ/မရှိတို့အား ခရိုင်ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဈေးအတွင်းရှိကြက်သားများကို တောင်ကြီးမြို့မှ အများဆုံးမှာယူတင်သွင်းကြောင်း၊ ဝယ်ရင်းဈေးနှုန်းမြင့်တက်သည့်အတွက် ကြက်သားဈေးနှုန်းများမြင့်တက်လျက်ရှိကြောင်း၊ CPအသားတိုးကြက်(၁)ပိဿာလျှင် (၉၀၀၀)ကျပ် မှ (၁၂၀၀၀)ကျပ်ထိရှိပြီး CP ဥစားကြက် (၁) ပိဿာလျှင် (၁၂၀၀၀) ကျပ်မှ (၁၆၀၀၀) ကျပ်ထိရှိကြောင်း ၊ ငါးဖိန်း(ဒေသငါး)(၁)ပိဿာလျှင် (၆၅၀၀)ကျပ်မှ (၇၅၀၀)ကျပ်ထိရှိကြောင်း ၊ ငါးကြင်း (ဒေသငါး ) (၁)ပိဿာလျှင် (၈၀၀၀)ကျပ်မှ(၁၀၀၀၀)ကျပ်ထိဈေးရှိကြောင်း၊ ငါးကြင်း (ရန်ကုန်ငါး) (၁) ပိဿာလျှင် (၁၂၀၀၀)ကျပ်မှ (၁၄၀၀၀)ကျပ်ထိရှိကြောင်း၊ အကောင်လိုက်ဈေးနှင့် အခြမ်းခွဲသားဈေးဟူ၍ (၂)မျိုးရှိကြောင်း၊ ငါးများကိုရန်ကုန်တိုင်းဒေသကြီးမှ အများဆုံးမှာယူတင်သွင်းရောင်းချနေသည်ကိုတွေ့ရှိရပါကြောင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းဖယ်ခုံအင်းမှ ဆလားဗီးယားငါး၊ ငါးဖိန်းငါးများနှင့် ဒေသငါးများကိုလည်း မှာယူတင်သွင်းရောင်းချကြကြောင်း၊ သန့်ရှင်းလတ်ဆက်မှုမရှိသော အသားငါးများရောင်းချသည်ကို မတွေ့ရှိရပါကြောင်း၊ ဈေးသည်များအနေဖြင့် အလေးချိန်မှန်ကန်စွာနှင့် ယင်ကောင်မလာစေရန် ဇာများဖြင့်စနစ်တကျဖုံးအုပ်ရောင်းချနေသည်ကိုစစ်ဆေးတွေ့ရှိရပါကြောင်း၊ ဈေးသည်များအနေဖြင့် ကူးစက်ရောဂါရနေသော အသား ငါးများအား ရောင်းချခြင်းမပြုရန် အသားငါး/ကြက်ဥ/ဘဲဥများ ရောင်းချနေသော ဆိုင် ( ၃၄ ) ဆိုင်အား အသိပညာပေးစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ကယား)