စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အခြေခံစားကုန်ဈေးနှုန်းများ၊ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများအား အပတ်စဉ်တင်ပြလျက်ရှိပါ သည်။
၂၀၂၃ ခုနှစ်၊ မတ်လ စတုတ္ထပတ်တွင် ရွှေဘိုမြို့၌ ရောင်းချလျက်ရှိသော ဓါတ်မြေဩဇာဈေးနှုန်းများမှာ အာမို၊ ကျွဲနက်တံဆိပ် (၁၅:၁၅:၁၅)ကွန်ပေါင်း ဓါတ်မြေဩဇာ 50kg တစ်အိတ်လျှင်(၁၄၅၀၀ဝိ/-)ကျပ်၊ MCတံဆိပ် (၁၅:၁၅:၁၅) ကွန်ပေါင်းဓါတ်မြေဩဇာ 50kg တစ်အိတ်လျှင်(၁၃၅၀၀ဝိ/-)ကျပ်၊ ဇာမဏီတံဆိပ်(၁၃:၅:၇) ကွန်ပေါင်းဓါတ်မြေဩဇာ50kg တစ်အိတ်လျှင်(၇၀၅၀ဝိ/-)ကျပ်၊ အာမို၊ ပုလဲတံဆိပ် ကွန်ပေါင်းဓါတ်မြေဩဇာ 50kg တစ်အိတ်လျှင်(၈၅၀၀ဝိ/-)ကျပ်၊ ပန်းဖူးတံဆိပ် ဓါတ်မြေဩဇာ 50kg တစ်အိတ်လျှင်(၇၃၀၀ဝိ/-)ကျပ်ဖြစ်ပြီး ပိုးသတ်ဆေးဈေးနှုန်းများမှာ ရှောင်လင်တံဆိပ် ထိသေ/စားသေ(အဆိပ်ငွေ့) 1Literတစ်ဗူးလျှင် (၁၅၅၀ဝိ/-)၊ ဒီမွန် 1.8တံဆိပ် ထိသေ/စားသေ(အဆိပ်ငွေ့) 500cc တစ်ဗူးလျှင် (၁၂၅၀ဝိ/-)ကျပ်၊ ငှက်ကြီးတောင် တံဆိပ် ထိသေ/စားသေ(အဆိပ်ငွေ့) 250ccတစ်ဗူးလျှင် (၂၈၅၀ဝိ/-)ကျပ်၊ ဇိုင်ကလုံးတံဆိပ် ပင်လုံးပြန့် 1Liter တစ်ဗူးလျှင် (၂၉၅၀ဝိ/-)ကျပ်၊ အင်ဖာနိုတံဆိပ် ပင်လုံးပြန့် 500gတစ်ဗူးလျှင် (၉၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများမှာ ဈေးငြိမ်နေသော်လည်း ယခင်အပတ်ထက်ပို၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဓါတ်မြေဩဇာအရောင်းဆိုင်များမှ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းမှုအရ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)