Main menu

ဈေးငြိမ်နေသော်လည်း အရောင်းအဝယ်ဖြစ်နေဆဲ ဆောင်းမြေပဲလုံးဆံ

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များ ဖွဲ့စည်းကာ ဖွဲ့စည်းပြီးအသင်းအဖွဲ့များနှင့် ကုန်စည်ဒိုင်များ ပိုမိုခိုင်မာအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန် စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိရာ ၂၀၂၃ခုနှစ်၊ မတ်လ၊ စတုတ္ထပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံဈေးနှုန်းများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။

    ရွှေဘိုခရိုင်အတွင်းစိုက်ပျိုးထားသော ဆောင်းမြေပဲများရိတ်သိမ်းပြီး၍ ဖေဖော်ဝါရီလ စတုတ္ထပတ်မှ စတင်ပြီး ရွှေဘိုဈေးကွက်သို့ မြေပဲလုံးဆံများ စတင်ဝင်ရောက်လာကြောင်း၊ မတ်လ၊ စတုတ္ထပတ်အတွင်း မြေပဲလုံးဆံတစ်တင်းလျှင် (၉၉၂၀ဝိ/-)ကျပ်ဖြင့်သာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၅၂၅)တင်း/ (၁၂)တန်ဖြစ်ကြောင်း၊ ယခင်နှစ်ကာလတူ၌ မြေပဲလုံးဆံတစ်တင်းလျှင် (၆၀၈၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့ပြီး ယခင်အပတ်၌ မြေပဲလုံးဆံတစ်တင်းလျှင်(၉၉၂၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင် နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုနှစ်တွင် ယခင်နှစ်ထက် တစ်တင်းလျှင် (၃၈၄၀ဝိ/-)ကျပ် ဈေးပိုခဲ့ကြောင်း၊  ယခင်အပတ်နှင့် ယခုအပတ် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းမှာတူညီနေပြီး ဈေးငြိမ်နေသော်လည်း  ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)