Main menu

မြင့်တက်လာသော စားအုန်းဆီဈေးနှုန်း

Powered by Drupal

     ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ၂၀၂၃ခုနှစ်၊ မတ်လ၊ နောက်ဆုံးပတ်အတွင်း စားသုံးဆီဈေးနှုန်းများမှာ ပဲဆီလက်ကားတစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ လက်လီတစ်ပိဿာလျှင် (၁၃၅၀၀)ကျပ်၊ နှမ်းဆီလက်ကားတစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ လက်လီတစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်၊ နေကြာဆီလက်ကားတစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ လက်လီတစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်နှင့် စားအုန်းဆီလက်ကားတစ်ပိဿာလျှင် (၈၆၀၀)ကျပ်၊ လက်လီတစ်ပိဿာလျှင် (၈၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခင် မတ်လ၊ ပထမပတ်တွင်စားအုန်းဆီဈေးနှုန်းမှာ လက်လီတစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ လက်ကားတစ်ပိဿာလျှင် (၅၉၀၀)ကျပ်ဖြစ်ပြီး ပထမပတ်နှင့် နောက်ဆုံးပတ်ဈေးနှုန်းနှိုင်းယှဉ်ကြည့်လျှင် စားအုန်းဆီလက်လီလက်ကားတစ်ပိဿာလျှင် (၂၆၀၀)ကျပ်မြင့်တက်လာခဲ့ပြီး ကျန်စားသုံးဆီဈေးနှုန်းများတည်ငြိမ်လျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်တစ်ဆိုင်ထံမှ သိရှိရပါသည်။

DOCA(ကယား)