Main menu

မင်းဘူးမြို့မဈေးအတွင်းရှိ စားဖိုဆောင်သီးနှံများ၏ဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

      ၂၀၂၃ ခုနှစ် မတ်လ(တတိယ)ပတ်တွင် မင်းဘူးမြို့မဈေးအတွင်း ရောင်းချလျက်ရှိသော ကြက်သွန်နီ ဈေးနှုန်းမှာ (၁)ပိဿာ လျှင် ကျပ်(၁၂၀၀)ဖြစ်ပြီး၊ စတုတ္ထပတ်တွင် ကျပ်(၁၃၀၀)ဖြစ်၍ ဈေးအနည်းငယ်တက်နေကြောင်း၊ ကြက်သွန်နီများကို ပွင့်ဖြူ(မဲဇလီ)၊ စလင်း၊ ဆင်ဖြူကျွန်းမြို့၊ ပင်းချောင်းနှင့်ရေနံချောင်းမြို့များမှ ဝယ်ယူရောင်းချကြောင်းနှင့်စားဖိုဆောင်သီးနှံမှာ ကြက်သွန်ဖြူ(ကြူကုတ်) (၁)ပိဿာလျှင် ကျပ် (၄၅၀၀)၊ ကြက်သွန်ဖြူ (ဗမာ)(၁)ပိဿာလျှင် ကျပ် (၅၀၀၀)၊ ငရုတ်ခြောက်ရှည်  (၁)ပိဿာလျှင် ကျပ် (၁၅၀၀၀)၊ ငရုတ်ခြောက်ပု (၁)ပိဿာလျှင် ကျပ် (၁၃၀၀၀)၊ အာလူး(၁)ပိဿာလျှင် ကျပ်(၂၂၀၀)၊ ဂျင်းတက် (၁)ပိဿာလျှင် ကျပ်(၂၀၀၀)၊ ဆားကြမ်း (၁)ပိဿာလျှင် ကျပ်(၅၀၀)၊ ဆားချော (၁) ပိဿာလျှင် ကျပ်(၁၀၀၀)၊ ကြက်ဥတစ်လုံးလျှင် ကျပ်(၂၄၀-၂၅၀)ဖြစ်ပြီး ကြက်သွန်ဖြူ (ကြူကုတ်နှင့်ဗမာ)သည် ယခင်အပတ်ထက် ဈေးအနည်းငယ်ကျဆင်းလာကြောင်း ဈေးသည်တစ်ဦးထံမှ သိရှိရ ပါသည်။

          စားသုံးဆီများမှာ နှမ်းဆီ(၁)ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ ပဲဆီ(၁)ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ စားအုန်းဆီ(၁)ပိဿာလျှင် ကျပ်(၇၀၀၀)ဖြစ်ပြီး ပဲဆီ၊ နှမ်းဆီဈေးနှုန်း အနည်းငယ်တက်၍ စားအုန်း ဆီဈေးနှုန်း အနည်းငယ်ကျနေကြောင်းဆီရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)