မင်းဘူးမြို့ပေါ်၌ ရောင်းချလျက်ရှိသော ရေထွက်ပစ္စည်းများမှာ မတ်လ(စတုတ္ထ)ပတ်တွင် ငါးကြင်းဖြူ (၁)ပိဿာလျှင် ကျပ်(၁၇၀၀၀)၊ ငါးတံခွန်ခြောက် (၁)ပိဿာလျှင် ကျပ်(၁၅၀၀၀- ၁၇၀၀၀)၊ ငါးနီတူး(၁)ပိဿာလျှင် ကျပ် (၁၄၀၀၀)၊ ငါးပုတ်သင် (၁)ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ ငါးကွမ်းရှပ် (၁)ပိဿာလျှင် ကျပ်(၁၃၀၀၀- ၁၇၀၀၀)၊ အာဗြဲခြောက် (၁)ပိဿာလျှင် ကျပ်(၂၂၀၀၀- ၂၅၀၀၀)၊ ငါးရံ့ခြောက်ပြား (၁)ပိဿာလျှင် ကျပ်(၅၅၀၀၀-၆၅၀၀၀)၊ ငါးသေတ္တာခြောက် (၁)ပိဿာ လျှင် ကျပ်(၁၂၀၀၀)၊ ပုစွန်ခြောက် (၁)ပိဿာလျှင် ကျပ်(၅၀၀၀၀ မှ ၁၀၀၀၀၀)ထိ ဖြစ်ကြောင်းနှင့် ပုစွန်ခြောက်သည် ဆားအပေါ့၊ အငန်ပေါ်မူတည်၍ ဈေးနှုန်းကွာခြားရခြင်းဖြစ်ကြောင်း သိရှိရပါသည်။
ပုဇွန်ခြောက်များကို ရခိုင်ပြည်မှ ဝယ်ယူ၍ ငါးခြောက်များကို ရန်ကုန်ဘုရင့်နောင်ပွဲရုံနှင့် ရခိုင်ပြည်နယ်တို့မှလည်းကောင်း ဝယ်ယူရောင်းချလျက်ရှိကြောင်း ကွင်းဆင်းမေးမြန်းမှုအရ သိရှိရပါသည်။
DOCA(မကွေး)