Main menu

အိမ်ရှင်မများအတွက် ချက်ပြုတ်ရာတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနေသော မီးသွေးထွက်ရှိရာဒေသနှင့် ဈေးနှုန်းအခြေအနေ

Powered by Drupal

    အစားအစာများကို ချက်ပြုတ်/ကြော်လှော်ရာတွင် လျှပ်စစ်မီး၊ ထင်း၊ မီးသွေးများအား အသုံးပြု၍ချက်ပြုတ်ကြရာ လျှပ်စစ်မီးနှင့်ချက်ပြုတ်ရာတွင် လျင်မြန်စွာကျက်၍ မြန်ဆန်ခြင်း၊ သန့်ရှင်းခြင်း၊ အချိန်ပိုခြင်း၊ မီးသွေးနှင့်ချက်ပြုတ်ရာတွင် အသားများနူးအိ၍ အရသာရှိခြင်း၊ ချက်ပြုတ်ရာတွင် အချိန်ပေးရခြင်း၊ မီးသွေးဖြင့်ချက်ရ၍ ထမင်းအိုး၊ ဟင်းအိုးများညစ်ပေ၍ တိုက်ချွတ်ရခြင်းတို့ရှိ၍ ချက်ပြုတ်သူတချို့မှာ လျှပ်စစ်မီးနှင့်ချက်ပြုတ်ရာတွင် နှစ်ခြိုက်ကြပြီး တချို့မှာ မီးသွေးနှင့်ချက်ပြုတ်ရခြင်းကို နှစ်ခြိုက်ကြကြောင်း သိရှိရပါသည်။

       မီးသွေးကို ဟင်းများချက်ပြုတ်ရာတွင်လည်းကောင်း၊ မုန့်များဖုတ်ရာတွင်လည်းကောင်း၊ လက်ဘက်ရည်ဆိုင်များတွင်လည်းကောင်း၊ အဝတ်အစားများမီးကြွေထိုးရာတွင်လည်းကောင်း၊ ထင်းအစားထိုးမီးသွေးလောင်စာတောင့်များပြုလုပ်ရာတွင်လည်းကောင်း အသုံးပြုကြပါသည်။ မြန် မာနိုင်ငံအထက်ပိုင်းဖြစ်သည့် ကောလင်း၊ ကသာ၊ ဝန်းသိုစသည့် မြို့များတွင်လည်း မီးသွေးထွက်ရှိကြောင်း၊ ရွှေဘိုမြို့နယ်ရှိ (၁၃)မိုင်ကျေးရွာတွင်လည်း မီးသွေးလည်းထွက်ရှိကြောင်း၊ ခင်ဦးမြို့နယ်ရှိ ရွာများဖြစ်သော ကုန်းကြီးကျေးရွာ၊ ဝက်သဲကျေးရွာ၊ တမာကျေးရွာ၊ သမင်ကျကျေးရွာ၊ ရုံးပင်ရွာ စသည့်ရွာများမှလည်း မီးသွေးထွက်ရှိကြောင်း၊ ယခုရောင်းချသည့်မီးသွေးမှာ ရုံးပင်ရွာမှ ထွက်ရှိကြောင်း၊ ရုံးပင်မီးသွေးသည် ပြာမကျခြင်း၊ မီးသွေးမပေါက်ခြင်း၊ မီးသွေးသားမာ၍ ရုံးပင်မီးသွေးကို အသုံးများကြောင်း သိရှိရပါသည်။

      ရုံးပင်ရွာမှ မီးသွေးကို ကားဖြင့် အိမ်အရောက်လာရောက်၍ ပို့ကြောင်း၊ (၁)တင်းခွဲဝင် မီးသွေး (၁) အိတ်လျှင် (၅၅၀ဝိ/-)ကျပ်ဖြင့်ဝယ်ရပြီး (၆၀၀ဝိ/-)ကျပ်ဖြင့်ပြန်ရောင်းရကြောင်း၊ မီးသွေးပေါသည့်ပေါ်မူတည်၍ မီးသွေးအိတ်(၁)လုံးလျှင် (၅၀ဝိ/-)ကျပ်မှ (၁၀၀ဝိ/)ကျပ်ထိအမြတ်ရရှိကြောင်း၊  ယခုအချိန်တွင် အမြတ်များများမယူဘဲ ရောင်းချချကြောင်း သိရှိရပါသည်။

    မီးသွေးရောင်းချရာတွင် (၁) တင်းခွဲဝင်အိတ်ဖြင့်သော်လည်းကောင်း၊ မီးသွေးကို အခဲ၊ အလတ်ကွဲ၊ အကြေဟူ၍(၃)မျိုးခွဲ၍ ရောင်းချကြောင်း၊ မီးသွေး (၁) တင်းခွဲဝင်အိတ်လျှင် (၁) ပြည်ဝင်အိတ်ဖြင့်ထုတ်၍ ရောင်းချရာ (၂၄) ထုပ်ရကြောင်း၊ မီးသွေးအခဲ (၁) ပြည်ဝင်အိတ် (၁) ထုပ်လျှင် (၃၀ဝိ/-) ကျပ်၊ မီးသွေးအလတ်ကွဲ (၁) ပြည်ဝင် အိတ်(၁)ထုပ်လျှင် (၂၀ဝိ/) ကျပ်၊ မီးသွေးအကြေအိတ်ကြီး (၁)တင်းခွဲဝင် (၁)အိတ်လျှင် (၁၅၀ဝိ/-) ကျပ်ဖြစ်ပြီး မီးသွေးအကြေများကို   လောင်စာတောင့်ပြုလုပ်သောသူများကဝယ်ယူကြောင်း မီးသွေရောင်းချသည့်လုပ်ငန်းရှင်အား ဆက်သွယ်မေးမြန်းမှုအရ သိရှိရပါသည်။

DOCA(စစ်ကိုင်း)