Main menu

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးတွင် ဖြစ်ပေါ်လျက်ရှိသော ရေထွက်ကုန်ပစ္စည်းဈေးနှုန်း/ဈေးကွက်

Powered by Drupal

    မုံရွာမြို့၊ ချင်းတွင်းရတနာစျေး၌  ရောင်းချနေသော ပုစွန်ခြောက်၊ ငါးခြောက်များမှာ ရန်ကုန်၊ မန္တလေး၊ ရခိုင်ပြည်နယ်ဘက်မှ ဝင်ရောက်ကြောင်းသိရပါသည်။ ပုစွန်၊ ငါးခြောက်စျေးနှုန်းများမှာ ဝင်ရောက်သည့်ဒေသအ‌ပေါ် မူတည်၍လည်းကောင်း၊ အရည်အသွေးကိုလိုက်၍လည်းကောင်း ကွာခြားလျက်ရှိပါသည်။

     ယခု မတ်လ (စတုတ္ထပတ်) တွင် ရောင်းချနေသောဈေးနှုန်းများမှာ ပုစွန်ခြောက် (၁)ပိဿာလျှင် ကျပ်(၇၀၀၀၀)မှ ကျပ်(၉၀၀၀၀)ထိ၊ ငါးရံ့ခြောက်(၁)ပိဿာလျှင် ကျပ်(၅၅၀၀၀မှ ၇၀၀၀၀)ထိ၊ ငါးပုတ်လုံးခြောက်(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀မှ ၁၇၀၀၀)ထိ၊  ငါးပုတ်သင်(၁)ပိဿာလျှင် ကျပ်(၁၄၀၀၀မှ ၁၇၀၀၀)ထိ၊ အာဗြဲခြောက်(၁)ပိဿာလျှင် ကျပ်(၂၀၀၀၀မှ ၂၂၀၀၀)ထိ၊ ငါးကျည်းခြောက်(၁)ပိဿာလျှင် ကျပ်(၃၀၀၀၀မှ ၄၀၀၀၀)ထိ၊ ငါးနီတူခြောက်(၁)ပိဿာလျှင် ကျပ်(၁၀၀၀၀မှ ၁၂၀၀၀)ထိ၊ ငါးဖန့်ဝိုင်း(ငါးပိကောင်) (၁)ပိဿာလျှင် ကျပ်(၁၅၀၀၀မှ ၁၇၀၀၀)ထိရှိကြောင်း ချင်းတွင်းရတနာဈေးတွင် ရောင်းချနေသော ငါးခြောက်ကုန်သည်များထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)