Main menu

ရှမ်း(တောင်)၌ ရှမ်းကြက်သွန်ဖြူလှိုင်လှိုင်ထွက်ပေါ်

Powered by Drupal

      ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီး၊ ပင်လောင်း၊ မိုင်းပန်၊ ဟိုပုံး၊ လဲချားမြို့နယ်တို့၌ ကြက်သွန်ဖြူကိုအဓိကစိုက်ပျိုးကြပြီး ကျန်မြို့နယ်များတွင်လည်း အနည်းငယ်စီစိုက်ပျိုးကြပါသည်။ ကြက်သွန်ဖြူကို အောက်တိုဘာလနှင့် နိုဝင်ဘာလတွင် စိုက်ပျိုးပြီး သက်တမ်း(၄)လအကြာ မတ်လနှင့် ဧပြီလများတွင် ရိတ်သိမ်းထွက်ရှိကာ တစ်နှစ်လျှင် တစ်ကြိမ်သာစိုက်ပျိုးသောသီးနှံဖြစ်ပါသည်။ စိုက်ပျိုးချိန်ပေါ်မူတည်ပြီး သင်္ကြန်ကာလဖြစ်သော ဧပြီလသည် ကြက်သွန်ဖြူလှိုင်လှိုင်ထွက်ရှိသည့်ကာလဖြစ်ပါသည်။

      ကြက်သွန်ဖြူများကို လတ်ခြား ထူး-၁၊ ထူး-၂၊ ထူး-၃၊ ထူး-၄၊ ထူး-၅ အဆင့်ခွဲပြီး ဈေးကွက်၌ ရောင်းဝယ်လျက်ရှိပါသည်။ လတ်ခြား ထူး-၁၊ ထူး-၂အား ဒေသတွင်း၌သာ အရောင်းအဝယ်လုပ်ကြပါသည်။ ယခင်နှစ်၏ ရှမ်းကြက်သွန်ဖြူအစိုအသစ်ရိတ်သိမ်းပြီးစတွင် ဒေသပေါက်ဈေးမှာ (လတ်ခြား) ကျပ်၁၅၀၀၊ (ထူး-၁) ကျပ်၁၈၀၀၊ (ထူး-၂) ကျပ်၂၀၀၀၊ (ထူး-၃) ကျပ်၂၄၀၀၊ (ထူး-၄) ကျပ်၂၆၀၀၊ (ထူး-၅) ကျပ်၃၀၀၀ ရှိကြောင်း သိရှိရပါသည်။ ရှမ်းကြက်သွန်ဖြူအသစ်အခြောက်သည် ပွဲရုံဈေး၌  (လတ်ခြား) ကျပ်၁၈၀၀၊ (ထူး-၁) ကျပ်၂၀၀၀၊ (ထူး-၂) ကျပ်၂၂၀၀၊ (ထူး-၃) ကျပ်၃၀၀၀၊ (ထူး-၄) ကျပ်၃၅၀၀၊ (ထူး-၅) ကျပ်၄၀၀၀ ရှိကြောင်းသိရှိရပါသည်။

       ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် နှစ်စဉ်ကြက်သွန်ဖြူစိုက်ဧက (၃၀၀၀၀) နီးပါးစိုက်ပျိုးကြပြီး (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ်တွင် စိုက်ဧက (၂၉၀၆၁) ဧကစိုက်ပျိုးကာ တစ်ဧကအထွက်နှုန်းမှာ (၁၈၀၀) ပိဿာရှိပါသည်။ ထွက်ရှိသောရှမ်းကြက်သွန်ဖြူအသစ်ကို မြန်မာပြည်အနှံ့အပြားသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ရှမ်းကြက်သွန်ဖြူများသည် ပေါ်ဦးပေါ်စတွင် ဈေးကောင်းရရှိနေပြီး ကြက်သွန်ဖြူစိုက်တောင်သူများအကျိုးအမြတ်ရရှိကာ အဆင်ပြေနေကြကြောင်း လေ့လာသိရှိရပါသည်။

DOCA(ရှမ်း)