ရှမ်းပြည်နယ်(တောင်ပိုင်း)ဈေးကွက်ထဲသို့ ရာသီပေါ်သီးနှံတစ်မျိုးဖြစ်သည့် မရမ်းချိုသီးများ ဈေးကွက်တွင်းသို့ ဝင်ရောက်လျက်ရှိပါသည်၊ မရမ်းချိုသီးများမှာ ရန်ကုန်၊ နေပြည်တော် စသည့်ဒေသများဘက်မှထွက်ရှိပြီး နှစ်စဉ် တန်ခူးလတွင် စတင်ထွက်ပေါ်လာပြီး ရာသီချိန်ခဏသာထွက်ရှိသည့်သီးနှံဖြစ်၍ တန်ခူးလကုန်ပြီးလျှင် သီးနှံအထွက်ရပ်သွားသည်ဟုလည်း သိရှိရပါသည်။ သီးနှံစတင်ထွက်ပေါ်ချိန်တွင် တစ်ပိဿာလျှင် (၈၀၀ဝိ/-)ကျပ်ရှိပြီး သီးနှံအဝင်များလာချိန်တွင် တစ်ပိဿာလျှင် (၇၀၀ဝိ/-)ကျပ်ဈေးရှိကြောင်း၊ နေ့စဉ် ဈေးကွက်အတွင်းသို့ တစ်ခြင်းလျှင် (၁၃)ပိဿာဝင် ပလတ်စတစ်ခြင်းများဖြင့် ခြင်း(၂၀/၃၀)ခန့်အဝင်ရှိနေပြီး လူကြိုက်များ၍ အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)