Main menu

မြင်းခြံခရိုင်၏ ဆောင်းပဲတီစိမ်း စိုက်ပျိုးထွက်ရှိမှုအခြေအနေ

Powered by Drupal

     မြင်းခြံခရိုင်၏ ၂၀၂၂-၂၀၂၃ ခုနှစ် ပဲတီစိမ်းစိုက်ပျိုးမှုအနေဖြင့် (၅၃၄၃)ဧကစိုက်ပျိုးပြီး  ရိတ်သိမ်းပြီးစီးမှုအနေဖြင့် (၅၃၄၃)ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ပါကြောင်းနှင့် တစ်ဧကပျှမ်းမျှအထွက်နှုန်းမှာ (၁၂.၆၁)၊အထွက်တင်းမှာ(၆၇၃၉၄)တင်း ထွက်ရှိလျက်ရှိကြောင်း သိရှိရပါသည်။ မြို့နယ်အလိုက်စိုက် ပျိုးမှု၊ရိတ်သိမ်းမှုနှင့်  တစ်ဧကအထွက်နှုန်းများအနေဖြင့် မြင်းခြံမြို့နယ်တွင် စိုက်ဧက(၉၁)ဧက၊ ရိတ် သိမ်းဧက(၉၁)၊ ပျမ်းမျှအထွက်နှုန်း (၇.၇၀)၊ အထွက်တင်းမှာ(၇၀၁)တင်း၊  တောင်သာမြို့နယ်တွင် စိုက်ဧက (၈၀၄) ဧက၊ ရိတ်သိမ်းဧက  (၈၀၄) ဧက၊ ပျမ်းမျှအထွက်နှုန်းမှာ  (၆.၅၅)၊  အထွက်တင်း    (၅၂၆၆) တင်းနှင့် နွားထိုးကြီးမြို့နယ်တွင် စိုက်ဧက(၄၄၄၈)ဧက၊ ရိတ်သိမ်းဧက(၄၄၄၈)ဧက၊ ပျမ်းမျှအထွက်နှုန်းမှာ(၁၃.၈၁)နှင့် အထွက်တင်းမှာ(၆၁၄၂၇)တင်းထွက်ရှိကြောင်း သက်ဆိုင်ရာဌာနဆိုင်ရာ စာရင်းများအရ သိရှိပါသည်။

      မြန်မာနိုင်ငံအလယ်ပိုင်းတွင် ဆောင်းပဲတီစိမ်းကို အောက်တိုဘာလ၊ နိုဝင်ဘာလနှင့်ဒီဇင်ဘာလတွင်စိုက်ပျိုး၍ မတ်၊ ဧပြီနှင့် မေလတို့တွင် ရိတ်သိမ်းထွက်ပေါ်လေ့ရှိကြောင်း သိရှိရပါသည်။ ပဲတီစိမ်းကို ရိတ်သိမ်းချိန်လွန်တွင် သတိပြုရမည့်အချက်အနေဖြင့် သီးနှံများကို ရိတ်သိမ်းပြီးနောက် ပိုင်း ကိုင်တွယ်ထိန်းသိမ်းတတ်မှု အပေါ်တွင်မူတည်နေမှာဖြစ်ပြီး ရိတ်သိမ်းချိန်လွန်တွင် ပဲမျိုးစုံသီးနှံများအား ထိန်းသိမ်းရာ၌ သိုလှောင်ရုံနှင့်ပတ်ဝန်းကျင် ရေဝပ်မှုမရှိစေရန်၊သန့်ရှင်းမှု၊သိုလှောင်ရုံဧရိယာ သယ်ယူပို့ဆောင်ရေးယာဉ်နှင့် ထုပ်ပိုးပစ္စည်းစသည်တို့ကို ဓါတုဆေးများဖြင့် ပက်ဖျန်းပေးရန် လိုအပ်မှာဖြစ်ပြီး ကြွက်အန္တရာယ်နှင့် သန့်ရှင်းရေး ထိခိုက်စေမည့် အခြားဇစ်မြစ်များကိုလည်း အထူး ဂရုပြုရမည်ဖြစ်ပါသည်။သို့မှသာအရည်အသွေးပြည့်မီစွာ ထုတ်လုပ်နိုင်မည်ဖြစ်ပါသည်။အစိုဓာတ်ကို ၁၃ ရာခိုင်နှုန်းမှ ၁၄ ရာခိုင်နှုန်းအထိ ဂရုပြုသိုလှောင်ပြီး မှန်ကန်စွာစစ်ဆေးနေရမည် ဖြစ်ပါသည်။၎င်းအပြင် ပဲသီးနှံများသည်အဓိက ရေငွေ့ပျံခြင်း၊စိုထိုင်းဆများပြားခြင်းကြောင့် ပျက်စီးလွယ်တတ်သည်ဖြစ်၍ ပတ်ဝန်းကျင်စိုထိုင်းဆ ၄၀ရာခိုင်နှုန်းထက် မပိုအောင်ဂရုစိုက်ရမည်ဖြစ်ပါသည်။ အထူးသဖြင့်ပိုးကျရောက်မှုမှ ကင်းဝေးစေရန် ကျရောက်တတ်သော ပိုးများနှင့်အသုံးပြုရမည့် ဆေးများကို စနစ်တကျ အချိန်ကာလအလိုက် ကာကွယ်နှိမ်နင်းရန်မှာလည်း များစွာအရေးကြီးကြောင်း ဖတ်ရှု့လေ့လာသိရှိရပါသည်။

       မြင်းခြံကုန်စည်ဒိုင်တွင် ယခုနှစ်တစ်ပိသာဈေးနှုန်းမှာ (၂၉၀၀)မှ (၃၀၀၀)ကျပ်ထိရှိကြောင်း သိရှိရပါသည်။ယခင်နှစ်ကာလတူဈေးနှုန်းမှာ (၁၉၅၀)ကျပ်မှ (၂၀၅၀)ကျပ်ထိရှိပြီး၊ယခုနှစ်တွင် တစ်ပိသာလျှင် ပျမ်းမျှ (၉၅၀)ကျပ်ထိ ဈေးမြင့်တတ်ခဲ့ပြီး ထွက်ရှိသောပဲများအား မန္တလေးဈေးကွက်သို့ တင်ပို့ရောင်းချကြောင်း ကုန်သည်တစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)