Main menu

ရှမ်းပြည်နယ်ထွက် ကြက်သွန်ဖြူဈေးကွက်

Powered by Drupal

      ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ကြက်သွန်ဖြူအသစ်များ ဈေးကွက်ကို စတင်ဝင်ရောက်လာပြီဖြစ်ပါသည်။  ရှမ်းပြည်နယ်တွင် အဓိကစိုက်သောသီးနှံဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) မြို့နယ်အနှံ့အပြားမှာ စိုက်ပျိုးပါကြောင်း၊  နိုဝင်ဘာလနှင့် ဒီဇင်ဘာလမှာ စိုက်ပျိုးပြီး မတ်လနှင့် ဧပြီလတို့တွင် စတင်ရိတ်သိမ်းပါကြောင်း၊ ယခုဈေးကွက်ကိုဝင်လာသော ကြက်သွန်ဖြူအသစ်များမှာ တောင်ကြီးမြို့နယ်အတွင်းကဖြစ်ပြီး ၊ အင်းလေးဒေသအရှေ့ဖက်ခြမ်းဒေသတွေဖြစ်သော နမ့်ပန်မြို့နယ်၊ မိုင်းပျိုးကျေးရွာအုပ်စု ၊အင်းယား ကျေးရွာအုပ်စု၊ ကျောက်တလုံးငယ်ကျေးရွာအုပ်စုမှဖြစ်ကြောင်း၊တစ်ဧကလျှင် ပိဿာ (၂၅၀) စိုက်၍ ထွက်ရှိမှုမှာ  ပိဿာချိန်(၂၅၀၀) ပတ်ချာလည်ခန့်ထွက်ရှိပါကြောင်း၊ ယခုတစ်ပတ်အတွင်း တစ်ပိဿာပေါက်ဈေးမှာ အပင်ပါ (အစို) အရောကို ၁၈၀ဝိ/-ဈေးပေါက်နေပါကြောင်း၊ ယခုလောလောဆယ်တွင် အစိုဓါတ်များရှိနေခြင်းကြောင့် အရည်အသွေး၊ အမျိုးအစား ခွဲခြားခြင်းမရှိဘဲ၊ အရော(ဂျွန်) တွေကိုသာ ဈေးကွက်မှာရောင်းချလျက်ရှိပါကြောင်း၊ သင်္ကြန်ပြီး ဈေးကွက်အခြေအနေကို ကြည့်ပြီးမှသာ ဈေးဖွင့်မှာဖြစ်ပြီး၊ ထိုအချိန်မှသာ အမျိုးအစားအလိုက် ဈေးဖွင့်မှာဖြစ်ကြောင်း ဈေးကွက်မှ သတင်းရရှိပါသည်။

DOCA(ရှမ်း)