ကယားပြည်နယ်၊ လွိုင်ကော်မြို့ သီရိမင်္ဂလာဈေးတွင် ဧပြီလအတွင်း ရောင်းချလျက်ရှိသော သစ်သီးဝလံဈေးနှုန်းများမှာ ရွှေလိမ္မော် တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်၊ ပျားလိမ္မော်တစ်ပိဿာလျှင် ၈၀၀၀ကျပ်၊ စပျစ်သီး တစ်ပိဿာလျှင် ၅၀၀၀ကျပ်၊ စတော်ဘယ်ရီတစ်ပိဿာလျှင် ၅၀၀၀ကျပ်၊ ပန်းသီးတစ်လုံးလျှင် ၇၅၀ကျပ်မှ ၁၃၀၀ကျပ်ထိ၊ ပန်းသစ်တော် တစ်လုံးလျှင် ၁၅၀၀ကျပ်မှ ၂၀၀၀ကျပ်ထိ၊ ထောပတ်သီး တစ်လုံးလျှင် ၅၀၀ကျပ်မှ ၁၀၀၀ကျပ်ထိ၊ မာလကာသီး တစ်လုံးလျှင် ၃၅၀ကျပ်မှ ၅၀၀ကျပ်ထိ၊ ဖရဲသီးတစ်လုံးလျှင် ၂၀၀၀ကျပ်မှ ၃၀၀၀ကျပ်ထိ၊ သခွားမွှေးသီး တစ်လုံးလျှင် ၅၀၀ကျပ်မှ ၁၀၀၀ကျပ်ထိ၊ နာနတ်သီးတစ်လုံးလျှင် ၁၀၀၀ကျပ်မှ ၁၅၀၀ကျပ်ထိ၊ ဖီးကြမ်းငှက်ပျောသီးတစ်ဖီးလျှင် ၁၅၀၀ကျပ်၊ သီးမွှေးငှက်ပျောသီး တစ်ဖီးလျှင် ၁၅၀၀ကျပ်မှ ၂၀၀၀ကျပ်ထိ၊ ရခိုင်ငှက်ပျောသီး တစ်ဖီးလျှင် ၁၀၀၀ကျပ် မှ ၁၅၀၀ကျပ်ထိ၊ ကန်စွန်းဥ တစ်ပိဿာလျှင် ၂၀၀၀ကျပ်၊ သံပရာသီး တစ်လုံးလျှင် ၁၀၀ကျပ်မှ ၂၀၀ကျပ်ထိ၊ ရှောက်သီး တစ်လုံးလျှင် ၂၀၀ကျပ်မှ ၃၀၀ကျပ်ထိ၊ အုန်းသီး(အစိမ်း) တစ်လုံးလျှင် ၁၅၀၀ကျပ်မှ ၂၀၀၀ကျပ်ထိဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ကယား)