Main menu

ပခုက္ကူမြို့တွင် ကြက်သွန်ဖြူများ ဈေးငြိမ်လျက်ရှိ

Powered by Drupal

     ပခုက္ကူမြို့တွင် ယောနယ်မှ ဗမာကြက်သွန်ဖြူများဝင်ရောက်နေသကဲ့သို့ မန္တလေးဘက်မှဝင်ရောက်လာသော ကြက်သွန်ဖြူ(ကြူကုတ်)၊ ရှမ်းပြည်နယ်၊ အောင်ပန်းမှ ကြက်သွန်ဖြူ(ရှမ်းစ)များအရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

  ကြက်သွန်ဖြူမှာ ကြက်သွန်နီထက် သုံးစွဲမှုနည်းသောကြောင့် အဝင်နည်းသည်ကိုတွေ့ရှိရပါသည်။ တစ်ပတ်လျှင် ဗမာကြက်သွန်ဖြူအိတ်ရေ(၇၀၀-၈၀၀)အိတ်အဝင်ရှိကြောင်း၊  တစ်ပတ်လျှင် မန္တလေးဘက်မှကြူကုတ်အိတ်ရေ (၃၀၀-၄၀၀)အိတ်အတွင်း အဝင်ရှိကြောင်း၊ တစ်ပတ်လျှင် ရှမ်းစအိတ်ရေ(၁၀၀-၂၀၀) အတွင်းသာအဝင်ရှိကြောင်းနှင့် ဗမာကြက်သွန်ဖြူ၊ ကြူကုတ်ကြက်သွန်ဖြူများသာ အရောင်းအဝယ်ဖြစ်ပြီး ကြက်သွန်ဖြူ(ရှမ်းစ)မှာ အနည်းငယ်အရောင်းအဝယ်အေးနေကြောင်း သိရှိရပါသည်။

   ဈေးနှုန်းများအနေဖြင့် မတ်လ (နောက်ဆုံးပတ်) တွင် ဖြစ်ပေါ်ခဲ့သောဈေးနှုန်းများမှာ အရွယ်အစားကိုလိုက်၍ ဗမာကြက်သွန်ဖြူတစ်ပိဿာလျှင် ကျပ်(၄၀၀၀-၈၀၀၀)ဈေးရှိပြီး ကြက်သွန်ဖြူ(ကြူကုတ်)လက်လီဈေးတစ်ပိဿာလျှင် ကျပ်(၂၅၀၀-၆၀၀၀)ကြားနှင့်  ရှမ်းစလက်လီဈေးတစ်ပိဿာလျှင် ကျပ်(၂၀၀၀-၆၀၀၀)ဖြင့် ပုံမှန်အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခုဧပြီလဆန်းတွင် မတ်လ(နောက်ဆုံးပတ်)ဈေးနှုန်းများအတိုင်း အတက်အကျမရှိဘဲ ဈေးငြိမ်နေပြီး အရောင်းအဝယ်အနည်းငယ်အေးနေကြောင်း၊ ရောင်းဝယ်မှုအနေဖြင့် ဒေသတွင်းသုံးစွဲမှုများပြီး ကြက်သွန်ဖြူကြော်လုပ်ငန်းရှင်များနှင့် လက်ဖက်/ပဲကြော်လုပ်ငန်းရှင်များက အများဆုံးဝယ်ယူကြကြောင်း ဈေးကွက်အတွင်းမှ သိရှိရပါသည်။

DOCA(မကွေး)